ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီး ဒီမိုကရေစီနိုင်ငံသစ်ကိုဖော်ဆောင်
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီး ဒီမိုကရေစီနိုင်ငံသစ်ကိုဖော်ဆောင်
Ministry of Information/ Naypyitaw / January 27, 2026
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်ကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူခဲ့ရသည်။ တာဝန်ယူစဉ်ကာလအတွင်း ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်လာရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်တကျပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို အလေးထားဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိသည်။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီခြောက်ပါတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီစုစုပေါင်း ၅၇ ပါတီရှိသည်။ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပြီး ကျန်သည့်မြို့နယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှုများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည့်အတွက် ပဋိပက္ခများ၊ အငြင်းပွားမှုများ ကြီးကြီးမားမားမရှိဘဲ တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများကို မဲဆန္ဒရှင်များလာရောက်ကြည့်ရှုပြီး ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်နိုင်ရန် သုံးကြိမ်တိုင် အသိပေးကြေညာခဲ့သည်။ ရွေးကောက်ပွဲ၌ မဲပေးရာတွင် တိကျမှန်ကန်သော မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲဆန္ဒရှင် များ မဲရုံများတွင် အဆင်ပြေချောမွေ့စွာနှင့် ပွင့်လင်းမြင်သာစွာ မဲပေးနိုင်ခဲ့သည်။
ကြိုတင်မဲပေးခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် ပွင့်လင်းမြင်သာစွာ စနစ်တကျဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲအပိုင်းအလိုက် လာရောက်မဲပေးမှုအခြေအနေများကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းများမှ သတင်းထောက်များ လာရောက်စောင့်ကြည့် သတင်းရယူနိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP)တို့ကို ကျင့်သုံးဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဥပဒေနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း (၂)ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ရွေးကောက်ပွဲအပိုင်းလိုက် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများနှင့် ရလဒ်များကို အပိုင်းလိုက်ထုတ်ပြန်ကြေညာပေးနိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP)များကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ လာမည့်မတ်လတွင် လွှတ်တော်များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်များအရ ပေါ်ထွက်လာမည့်အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များ လွှဲအပ်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး၊ နိုင်ငံရေးပါတီများအားလုံးနှင့် မဲဆန္ဒရှင် ပြည်သူများအားလုံးတို့ကို ကျေးဇူးအထူးတင်ရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံသစ်ကို ဆက်လက်ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper - 3531 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
