ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံး
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / July 10, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ရွှေညောင်-ဟဲဟိုးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၉၄ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား ဟဲဟိုးမြို့မီးပွိုင့်အနီး KBZ ဘဏ်ရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကလော)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ရန်ကင်းရပ်ကွက်နေ ဦးမျိုးကြည်(၄၀)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရေနံချောင်းမြို့နယ်၊ ညောင်လှေကျေးရွာနေ ဦးဇော်ပြည့်ကိုကို(၃၆)နှစ် လိုက်ပါလာသည့် MDY-13/ 4S-XXXX KING LONG MINI BUS မော်တော်ယာဉ်သည် ရွှေညောင်မြို့ဘက်မှ ဟဲဟိုးမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းမှ လမ်းဖြတ်ကူးသူ ညောင်ရွှေမြို့၊ အင်းတိန်တောင်ခြေကျေးရွာနေ ဦးခင်မောင်(၅၆)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးခင်မောင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ ဟဲဟိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ဦးမျိုးကြည် အား ဟဲဟိုး နယ်မြေရဲစခန်း ယာဉ်(ပ)၁၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3220 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download