ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် ၅၇၉ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် ၅၇၉ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ Naypyitaw / August 25, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂ ရက် နံနက် ၁၁ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာအနီး၌ မူဆယ်မြို့နယ်ဘက်မှ မိုးညှင်းမြို့နယ်ဘက်သို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ရပ်ကွက်နေ ကျော်ဇင်ထွေး(၂၂)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ကျော်ဇင်အေး(၂၉)နှစ် လိုက်ပါလာသောMDY-18/3Q-XXXX TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ၎င်းတို့ နှစ်ဦး သယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် ၂ ဒသမ ၈၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၄၂၉ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁၅၀) ဖမ်းဆီးရမိသဖြင့် ကျော်ဇင်ထွေးနှင့် ကျော်ဇင်အေးတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3266 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။
