ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့နယ်တို့ အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / March 20, 2026
image_latest


နေပြည်တော် မတ် ၂၀

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အွန်လိုင်းလိမ်လည်လောင်းကစားမှုဆောင်ရွက်လျက်ရှိရာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တော်ရွက်ရပ်ကွက်နှင့် စွမ်စော်ရပ်ကွက်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာများသို့သွားရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ကောင်းမှုတုံရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား ကျား ၈၅ ဦးကို ဖုန်းမျိုးစုံ ၂၈၆ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ၂၈ လုံး၊ အဆောက်အဦ ၁ လုံးတို့နှင့်အတူလည်းကောင်း၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၄၆ လုံး၊ ကွန်ပျူတာ ၁၈ လုံးတို့ကိုလည်းကောင်း၊ စွမ်စော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံး အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၈၅ လုံး၊ ကွန်ပျူတာ ၁၀ လုံးတို့ကိုလည်းကောင်း အသီးသီးဖော်ထုတ်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်း ရေးလုပ်ငန်းများဆောင်ရွက်စဉ် ယနေ့ညနေပိုင်း၌ အဆိုပါကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာတွင် အလျား ၁၃၀ ပေ၊ အနံ ၅၀ ပေရှိ အဆောက်အအုံ ၂လုံး၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၅၀ ပေ ရှိ ဂိုဒေါင် ၁လုံး၊ အလျား ၁၈၀ပေ၊ အနံ ၆၀ ပေရှိ အဆောက်အအုံ ၁ လုံး၊ Starlink ၁၀လုံး၊ All in One ကွန်ပျူတာ ၅၅ လုံး၊ Power Station ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်လျက်ရှိသည့် ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3476 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download