ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 01, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်းပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၂၈ ဦးအား အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လူနေအဆောက်အအုံများနှင့်အတူဖမ်းဆီးရမိခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၃၀ ရက်တွင် ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာ၏တောင်ဘက် ဒုဋ္ဌဝတီမြစ်အနီးသို့ရောက်ရှိစဉ် မသင်္ကာဖွယ်ရာအဆောက်အအုံများကိုတွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်းတွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများအား မတွေ့ရှိရဘဲ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး ၃ ထပ်သားကာ အိပ်ဆောင် ၆ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး ၃ ထပ်သားကာ လုပ်ငန်းဆောင် ၅ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး ၃ ထပ်သားကာ အစားအစာသိုလှောင်ရုံ ၆ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ ဆောက်လုပ်ဆဲလုပ်ငန်းဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ ဆောက်လုပ်ဆဲအိပ်ဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၁၅ ပေ ရှိအထွေထွေသုံးအဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၁၀ ပေ ရှိ ၃ထပ်သားကာ တန်းလျားရှည်အိမ်သာ အိမ်သာ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၁၀ ပေ ရှိ အိပ်ခန်းတွဲ ၄ ခန်းတွဲအိပ်ဆောင် ၁ လုံး၊ အိပ်ခန်း ၄ ခန်းတွဲ(ရိက္ခာစတိုပါ) နှစ်ထပ်ဆောင် ၁ လုံး၊ မီးစက်အကြီး ၁ လုံး၊ ၁၅ ပေအမြင့် ကင်းစောင့် သစ်သား မျှော်စင် ၅ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေ၊ အိပ်ဆောင်တန်းလျား ၁ လုံး၊ အလျား ၇၀၀ ပေ၊ အနံ ၄၀၀ ပေ၊ သွပ်ကာခြံဝန်း ၁ ခု၊ ALL IN ONE DESKTOP ကွန်ပျူတာ ၃၀ လုံး၊ STAR LINK ဗန်း ၁၀ ခု  AIR COOLER ၁ လုံး၊ XIAOMI ဝိုင်ဖိုင်စက် ၂ လုံး၊ SOUND BOX ၁ လုံး၊ POWER STATION ၃ လုံး၊ ငွေရေတွက်စက် ၁ လုံး၊ ငွေကဒ်ဖြတ်စက် ၃ လုံး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့် အခြားလျှပ်စစ်သုံးပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်စဉ် တောင်ထိပ်ကျေးရွာအနီး ထပ်မံ၍ရှင်းလင်းရာ အဆိုပါနေရာ၏ မြောက်ဘက်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးအားလည်းကောင်း၊ ယနေ့တွင် အဆိုပါနေရာ၏ မြောက်ဘက်၊ တောင်ထိပ်ကျေးရွာ၏ တောင်ဘက်တွင် တရုတ်နိုင်ငံသား ၁၀ ဦးအားလည်းကောင်း၊ တောင်ထိပ်ကျေးရွာ၏ မြောက်ဘက်ရှိ ပုံဝိုးကျေးရွာအနီးတွင်လည်း တရုတ်နိုင်ငံသား ၈ ဦးအားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် အဆိုပါသိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လူနေအဆောက်အအုံများ၊ နေရာထိုင်ခင်းများအား မီးရှို့ဖျက်စီးခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးဆောက်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3367 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download