ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း
Ministry of Information/ Naypyitaw / May 26, 2025

နေပြည်တော် မေ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့နယ်ရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဒေသဝမ်းစာဖူလုံရေး၊ စျေးကွက်လိုအပ်ချက်ရှိသည့် သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ ရေမြေရာသီ ဥတုအခြေအနေပေးသည့် စိုက်ပျိုးဧရိယာများ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေပြီး စျေးကွက်ဝင်အမယ်သစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဌာနတောင်သူနှင့် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေး၊ မြေယာအသုံးချမှုကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ကျေးဇူးသစ္စာစောင့်သိသော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3175 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။
