လက်ဆွဲကောက်စိုက်စက်အပါအဝင် လယ်ယာသုံးစက်ကိရိယာများ အရည်အသွေးမီ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေး ဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / August 08, 2025
image_latest


နေပြည်တော် ဩဂုတ် ၇

လက်ဆွဲကောက်စိုက်စက်အပါအဝင် လယ်ယာသုံးစက်ကိရိယာများ အရည်အသွေးမီ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံ့စီးပွားရေးတွင် စိုက်ပျိုးရေးသည် အခြေခံမောင်းနှင်အားဖြစ်သည့်အတွက် စက်မှုလယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုးရေးသည် နိုင်ငံအတွက် မရှိမဖြစ်အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိရိုးဖလာ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် အဆင့်ဆင့်သောလုပ်ငန်းစဉ်များရှိသည့်အနက် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လုပ်သား လိုအပ်မှုအနည်းဆုံးဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို အသုံးပြုဆောင်ရွက်နိုင်မည့်နည်းလမ်းကို အထူးအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လက်ဆွဲကောက်စိုက်စက်များ၊ အစေ့ချစက်များနှင့်ကိရိယာများ အသုံးပြုစိုက်ပျိုးခြင်းဖြင့် လယ်ယာထွက်ကုန်များ အရည်အသွေးမြင့်မားပြီး အထွက်နှုန်းကောင်းမွန်ကာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံထုတ်ကုန်များ ထွက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ လယ်ယာသုံးစက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ပြီး ယင်းကုမ္ပဏီများမှ ရောင်းချသည့် လယ်ယာသုံးစက်ကိရိယာများ၏ စွမ်းရည်ကို လက်တွေ့မောင်းနှင် ထွန်ယက်သရုပ်ပြရှင်းလင်းမှုများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကို သတ်မှတ်၍ စနစ်ကျစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များတွင် ပါဝင်သည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးစားစက်မှုလုပ်ငန်းများ၊ အခြားစက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ် လျက်ရှိသည့် MSME လုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် MSME လုပ်ငန်းရှင်များအချင်းချင်း လိုအပ်ချက်များ အပြန်အလှန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက စက်မှုလယ်ယာ အပြည့်အဝလွှမ်းခြုံနိုင်ရန် စက်ပစ္စည်းကိရိယာ လိုအပ်ချက် စာရင်းနှင့် ထုတ်လုပ်ဆောင်ရွက်နိုင်မှုအခြေအနေ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ အရည်အသွေးမီ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ နည်းပညာပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အရည်အသွေးကောင်းမွန်ပြီး ပေါ့ပါးခိုင်ခံ့သည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများ ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3248 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 01, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download