လယ်ယာသုံးစက်ကိရိယာပြပွဲ၌ စက်ကိရိယာအမျိုးပေါင်း ၃၀၀ ကျော် ခင်းကျင်းပြသရောင်းချ
လယ်ယာသုံးစက်ကိရိယာပြပွဲ၌ စက်ကိရိယာအမျိုးပေါင်း ၃၀၀ ကျော် ခင်းကျင်းပြသရောင်းချ
Ministry of Information/ Naypyitaw / December 23, 2025
နေပြည်တော် ဒီဇင်ဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် လယ်ယာသုံးစက်ကိရိယာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးနှင့် မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနိုင်ဦးတို့က လယ်ယာသုံးစက်ကိရိယာ ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများ နေထိုင်ဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်နည်းနည်းနှင့် ဆက်စပ်ဆောင်ရွက်နေကြပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍကိုအခြေခံပြီး ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက် (၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ကို ဦးတည်ချက်တစ်ရပ်အဖြစ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်နေသည့် သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းပညာများကို မှန်ကန်အောင် ဆောင်ရွက်နိုင်ရေး၊ မြေဆီလွှာကို စနစ်တကျပြုပြင်နိုင်ရေး၊ စိုက်ပျိုးရေကို ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြစ်စေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေကြသည့်နေရာတွင် စက်မှုလယ်ယာစနစ် အသုံးပြုနိုင်ရေးသည် အရေးကြီးကဏ္ဍ ကနေ ပါဝင်နေကြောင်း။
နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုအသုံးပြုနိုင်ရန်အတွက် အားပေးကူညီဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာ များအနေဖြင့် ထွန်စက်ကြီး ၄၃၉၃၉ စီး၊ လက်တွန်းထွန်စက် ၄၆၂၆၂၇ စီး၊ ကောက်စိုက်စက် ၁၅၈ စီး၊ လက်ဆွဲကောက်စိုက်စက် စီး ၆၁၀၊ လက်ဆွဲမျိုးစေ့ ချကိရိယာ ၃၇၄၆၇ လက်၊ ရိတ်သိမ်းခြွေလှေ့စက် ၁၃၂၁၁ စီး၊ စပါးအခြောက်ခံ စက် ၂၁၁၀ အထိ တိုးတက်ပိုင်ဆိုင်လာကြသည်ကို စာရင်းဇယားများအရ တွေ့ရှိရကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မြေပြုပြင်ခြင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများတွင် အထိုက်အလျောက် စက်ကိရိယာများ သုံးစွဲနေကြပြီဖြစ်သော်လည်း သီးနှံစိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ စပါးအပြင် အခြားသီးနှံများ ရိတ်သိမ်းခြွေလှေ့ခြင်း၊ သီးနှံအခြောက်ခံခြင်းစသည့် အခြားစိုက်ပျိုးရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် စက်ကိရိယာအသုံးပြုမှုသည် အစပျိုးဆောင်ရွက်နေသည့် အဆင့်တွင်ရှိနေပြီး စက်ကိရိယာများကို ရာခိုင်နှုန်း ပြည့်သုံးစွဲနိုင်ရန်ဆိုလျှင် စိုက်ပျိုးရေးလုပ်ငန်းအဆင့်တိုင်းတွင် လယ်ယာသုံးစက်ကိရိယာများ မြောက်မြားစွာ လိုအပ်နေသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ယခု လယ်ယာသုံးစက်ကိရိယာပြပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် လယ်ယာသုံး စက်ကိရိယာများဖြစ်သည့် ထွန်စက်ကြီးများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ၊ စပါးစိုက်စက်များ၊ သီးနှံမျိုးစေ့ချကိရိယာများ၊ ပဲရိတ်သိမ်းခြွေလှေ့စက်များ၊ လက်တွန်းထွန်စက်များ၊ လက်တွန်း မျိုးစေ့ချစက်များ၊ မြက်ရိတ်စက်များ၊ ဆေးဖျန်းစက်များ၊ အင်ဂျင်များ၊ ဆန်ကြိတ်စက်၊ စပါးကြိတ်စက်များ၊ နေရောင်ခြည်သုံး ဆိုလာပန့်များ၊ သီးနှံအခြောက်ခံစက်များ၊ ထွေလာဂျီများ၊ ထွန်စက်ကြီးနှင့် တွဲဖက်သုံးကိရိယာများ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေကြသည့် လယ်ယာသုံး စက်ကိရိယာအမျိုးမျိုးကို ပြသထားရှိပြီး တောင်သူများအနေဖြင့် မိမိစိတ်ဝင်စားရာ စက်ကိရိယာများကို အချိန်ယူလေ့လာနိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင် လယ်ယာသုံးစက်ကိရိယာများကို မိတ်ဆက်သရုပ်ပြသခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး တောင်သူများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း၊ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးနှင့် အသင်းဥက္ကဋ္ဌ ဦးနိုင်ဦးတို့က ပြပွဲကျင်းပခြင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ Farmers Choice Tractor Co., Ltd.မှ Sonalika ထွန်စက်ကြီး နှစ်စီးနှင့် နောက်တွဲကိရိယာနှစ်လက်၊ Myanmar Empire Co.,Ltd.မှ ဘယ်လာရုစ်နိုင်ငံထုတ် ထွန်စက်ကြီးတစ်စီးနှင့် နောက်တွဲကိရိယာ တစ်လက်၊ Mandalar Shwe Thiha Co.,Ltd. မှ Sonalika 9OHP Tractor နှင့် တွဲဖက်အသုံးပြုသည့် ပြည်တွင်းဖြစ် Front Dozer တစ်လက် တို့ကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ် လှူဒါန်းကြရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော လယ်ယာသုံး စက်ကိရိယာပြခန်းများ နှင့် လယ်ယာသုံးစက်ကိရိယာများဖြင့် လက်တွေ့ထွန်ယက်စိုက်ပျိုး သရုပ်ပြသ နေမှုများကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။
ပြပွဲတွင် မြေယာပြုပြင်ခြင်းလုပ်ငန်းသုံး ထွန်စက်ကြီးအမျိုးမျိုး၊ နောက်တွဲကိရိယာများ၊ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ကြားပေါင်းလိုက်စက်များ၊ ဆေးဖျန်းကိရိယာများ၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ၊ ကောက်ရိုးထုံးစက်များ၊ စပါးအခြောက်ခံစက်များ၊ အာလူးစိုက်စက်၊ အာလူးဖော်စက်၊ ပီလောပီနံစိုက် စက်၊ ပြောင်းရိတ်စက် စသည့်စက်ကိရိယာ အမျိုးပေါင်း ၃၀၀ ကျော်ကို ကုမ္ပဏီပေါင်း ၂၂ ခုမှ ပြခန်းပေါင်း ၃၀ ဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည့်အပြင် လယ်ယာသုံးစက်ကိရိယာများအသုံးပြု၍ လက်တွေ့မောင်းနှင်ထွန်ယက်စိုက်ပျိုး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3388 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
