လာမယ့်နှစ်တွေမှာကျင်းပမယ့် ပြပွဲပြိုင်ပွဲတွေမှာလည်း အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ပြသကြဖို့ တိုက်တွန်းလိုပါတယ်


Ministry of Information/ Naypyitaw / February 13, 2025
image_latest


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ထုတ်ကုန်ပြခန်းအလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ ဒေသ၏အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ဒေသအလိုက် ရိုးရာအစားအစာများနှင့် MSME ထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချလျက်ရှိရာ MSME လုပ်ငန်းရှင်များနှင့် လာရောက်လေ့လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်-

ဦးချမ်းစိန်(ကရင်ပြည်နယ်ပြခန်း)

ဩဇာမင်းသဘာဝဇီဝမြေဩဇာလုပ်ငန်း

ကျွန်တော်တို့ ဩဇာမင်းသဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ လုပ်ငန်းသက်တမ်း ငါးနှစ်လောက်တော့ရှိပါပြီ။ ကျွန်တော်တို့ မြေဩဇာကို ဒေသထွက် ပဲမှော်၊ စပါးခွံ အစရှိတဲ့စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းကုန်ကြမ်း ၁၂ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ အဓိကကတော့ မြေဆီလွှာပြန်လည်ပြုပြင်တဲ့နေရာမှာ သုံးနိုင်ပါတယ်။ သီးနှံအနေနဲ့ စပါး၊ ရော်ဘာ၊ ဒူးရင်း၊ ဟင်းသီးဟင်းရွက်အစုံသုံးစွဲလို့ အဆင်ပြေပါတယ်။ အဓိက ဖြန့်ဖြူးနေတာကတော့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေပါ။ အခု ၂၀၂၅ ခုနှစ် အစမှာတော့ ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်ဘက်အထိ ဈေးကွက်ချဲ့ထွင်လာနိုင်ခဲ့ပါပြီ။ ပျားသံပရာနဲ့ ငရုတ်သီးနှံတွေမှာ အသုံးပြုမှာပါ။ စက်ရုံအနေနဲ့ တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုထုတ်လုပ်လာနိုင်ပါပြီ။ နောက်တစ်ခုက ပြည်နယ်မှာကျင်းပတဲ့ ထုတ်ကုန်ပြိုင်ပွဲတွေ၊ မဲခေါင်-လန်ချန်း ထုတ်ကုန်ပြပွဲတွေ၊ အခုလိုပြပွဲပြိုင်ပွဲတွေကနေတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးကွက်ချိတ်ဆက်မှုတွေရှိလာပါပြီ။ ဒီလုပ်ငန်းကို ၂၀၁၉ ခုနှစ်က လုပ်ငန်းစလုပ်ကတည်းက ပိုက်ဆံရှိလို့မဟုတ်ဘဲနဲ့ မြေဩဇာဈေးကြီးတယ်၊ ဒါကြောင့် ဒေသထွက် ကုန်ကြမ်းတွေနဲ့ သဘာဝမြေဩဇာထုတ်မယ်ဆိုပြီး မွန်လုပ်ငန်းရှင် သုံးဦးနဲ့ ကရင်လုပ်ငန်းရှင်နှစ်ဦးပေါင်းစပ်မှုနဲ့ တောင်သူတွေအကျိုးအတွက်ဖြစ်အောင် စလုပ်ခဲ့တာပါ။ စက်ရုံကနေ တစ်လကို အလုံးပုံစံနဲ့ အိတ် ၁၀၀၀၊ အမှုန့်ပုံစံနဲ့ အိတ် ၃၀၀၀ လောက် ထုတ်နိုင်ပါတယ်။ ဈေးကိုလည်း အခြားသောမြေဩဇာထက်မများဘဲ တောင်သူတွေ လက်ခံနိုင်တဲ့ ဈေးနဲ့ရောင်းတာပါ။ ပြည်တွင်းမှာကုန်ကြမ်းရဖို့ မခက်ခဲပါဘူး။ ၂၀၁၉ ခုနှစ်က ဘားအံမြို့နယ်မှာ တစ်ရုံ၊ ၂၀၂၂ ခုနှစ်မှာ ထားဝယ်မှာတစ်ရုံ၊ တတိယ ဘားအံမြို့နယ် မွေးမြူရေးဇုန်မှာတစ်ရုံကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်ရော်ဘာအသင်းတို့ရဲ့ အားပေးမှုနဲ့အတူ ဆက်လက်အကောင်အထည်ဖော်နိုင်လာတာပါ။ အခုလက်ရှိမှာတော့ ကျောက်ပန်းတောင်းဘက်မှာ တစ်ရုံဆောက်ဖို့ ကမ်းလှမ်းထားပါတယ်။

ဒေါ်သိန်းသိန်း(ရှမ်းပြည်နယ်ပြခန်း)

ရွှင့်ချန်းလုံကုမ္ပဏီ၊ လက်ဖက်ခြောက်လုပ်ငန်း

ကျွန်မတို့ကတော့ ဒီ MSME ပြပွဲမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုယ်စားပြုနဲ့ လက်ဖက်ခြောက်ထုတ်ကုန်တွေကို လာရောက်ပြသရောင်းချပေးတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုယ်စားပြုအနေနဲ့ ကျွန်မတို့ Mother’s Love တစ်ဆိုင်ပဲပါတာပါ။ ရှမ်းပြည်နယ်မှာ ကုန်ကြမ်းအနေနဲ့ လက်ဖက်ခြံဧက ၃၀၀ ကျော်ကို စိုက်ပျိုးထားပြီးတော့ ကုန်ချောအဆင့်ဖြစ်တဲ့အထိ ကိုယ်တိုင်ထုတ်လုပ်ရောင်းချပေးတာ ဖြစ်ပါတယ်။ လုပ်ငန်းစတင်တာကတော့ ၂၀၀၇ ခုနှစ်လောက်ကတည်းက စတင်ထုတ်လုပ်လာခဲ့တာပါ။ ထုတ်ကုန်တွေ အားလုံးကတော့ တရုတ်နည်းပညာကို အခြေခံပြီးတော့ ထုတ်လုပ်ပါတယ်။ အခုလက်ရှိမှာ ကျွန်မတို့ ထုတ်ကုန်တွေကို ပြည်ပဈေးကွက်အနေနဲ့ ရုရှားနိုင်ငံပို့ဖို့ စီစဉ်နေပါတယ်။ ပြည်တွင်းဈေးကွက်အနေနဲ့က နေပြည်တော်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် စတဲ့မြန်မာ တစ်နိုင်ငံလုံးနေရာတော်တော်များများမှာရနိုင်သလို စီးတီးမတ်စတိုးဆိုင်တွေ အားလုံးမှာလည်း တင်ထားပါတယ်။ လက်ဖက်ကိုအခြေခံပြီး တော့ထုတ်ထားတဲ့ ထုတ်ကုန်အမျိုးအစားတော်တော်များများ စုံပါတယ်။ လက်ဖက်ခြောက်မှာဆိုရင် လှော်နံ့သင်းသင်းနဲ့ အဖန်အခါးပေါ့တာ၊ လှော်နံ့သင်းပြီး အဖန်ဓာတ်နဲ့ အချိုဓာတ်ရတာရှိတယ်၊ အခါးဓာတ်ပြင်း ပြီးတော့ လက်ဖက်စိုအနံ့ရ လက်ဖက်ခြောက်ထုတ်ကုန်တွေပါပါတယ်။ ဒါ့အပြင် ကောက်ညှင်းမွှေးရှိတယ်၊ စံပယ်နဲ့ရှိတယ်။ စံပယ်နဲ့ကိုလည်း သဘာဝစံပယ်ပန်းကို ထည့်ထားပါတယ်။ သွေးတိုးကျတဲ့ ဆေးလက်ဖက် ခြောက်လည်းပါပါတယ်။ ခြံထွက်မှန်သမျှ ဆိုးဆေးမပါဘူး၊ ၂၄ နာရီအတွင်း ကုန်ချောဖြစ်အောင် ထုတ်လုပ်ထားပါတယ်။

ဒေါ်မတင်သိန်း(ရခိုင်ပြည်နယ်ပြခန်း)

ဝါဘိုသူ ရခိုင်လုံချည် ထိန်းသိမ်းရောင်းဝယ်ရေး

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်အရောင်းပြပွဲနဲ့ ပြိုင်ပွဲမှာ ရခိုင်ပိုးထည်တွေကို လာရောက်ပြသရောင်းချပေးတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဝါဘိုကျေးရွာမှာ အခြေစိုက်ပြီး ရခိုင်ပိုးထည်တွေကို ဘိုးဘွားလက်ထက်ကတည်းက လက်ဆင့်ကမ်းထိန်းသိမ်းရင်း အခု ကျွန်မလက်ထက်မှာ ရက်ကန်းရုံတွေကို ရက်ကန်းရုံ ၃၀၀ ကျော်နဲ့ ရခိုင်ရိုးရာ အထည်အမျိုးမျိုးကို အဆင့်မြှင့်တင်ထိန်းသိမ်းထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အဓိကထုတ်လုပ်နေတဲ့ အထည်တွေက ပွဲထိုင်အထည်တွေဖြစ်တဲ့ ပိုးထည်တွေကိုပဲ ထုတ်လုပ်ပါတယ်။ အခုလက်ရှိအထိတော့ လက်ရက်ကန်းကိုပဲ အားထားနေရပါသေးတယ်။ စက်ရက်ကန်းတွေနဲ့ ပြောင်းလဲထုတ်လုပ်ဖို့ လုပ်တဲ့အချိန်မှာ မိုခါမုန်တိုင်းဝင်တဲ့အတွက် အစီအစဉ်တွေက ပျက်ကုန်ပါတယ်။ အခုစက်ရက်ကန်းတွေကို လက်ရက်ကန်းတွေနေရာမှာ အစားထိုးဖို့ ထပ်ပြီးစီစဉ်နေပါတယ်။ ရခိုင်အထည်တွေကို အခုလို ပြည်ထောင်စုအဆင့်ပြပွဲမှာ ပြသရောင်းချခွင့်ရတဲ့အတွက် မန္တလေးက အထည်အရောင်းဆိုင်တွေရဲ့ အမှာစာတွေပါ ရရှိခဲ့ပါတယ်။ လာမယ့်ပြပွဲတွေမှာလည်း အခုလိုပဲ လာရောက်ပြသချင်ပါတယ်။ ဒီလိုပွဲကြီးတွေ စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။

ကိုစိုးမြင့်မြတ်နိုင်(စစ်ကိုင်းတိုင်းဒေသကြီးပြခန်း)

 ဖြိုးဖြိုးကျော် ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာလုပ်ငန်း

ကျွန်တော်ကတော့ ဖြိုးဖြိုးကျော် ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာလုပ်ငန်းနဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။ ကျွန်တော်တို့ထုတ်ကုန်က ပြည်တွင်းကုန်ကြမ်းဖြစ်တဲ့ ဝါဂွမ်းကို အဓိကထားပြီး အသုံးပြုထားပါတယ်။ ရန်ကုန်အထည်ချုပ်စက်ရုံတွေကနေ စွန့်ပစ်တဲ့ဖြတ်စ ညှပ်စတွေကိုလည်း အသုံးပြုပါတယ်။ အရင်က ကျွန်တော့် စီးပွားရေးဈေးကွက်က စစ်ကိုင်းမြို့လောက်မှာပဲ ရှိပါတယ်။ အခု ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ပြသခွင့်ရတဲ့အတွက် ဒီနေ့ဆိုရင် ရန်ကုန်နဲ့ နေပြည်တော်က ကုန်တိုက်ကြီးနှစ်တိုက်က ဖြိုးဖြိုးကျော်ထုတ်ကုန်တွေကို မှာယူတဲ့ စာချုပ်ကိုချုပ်နိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း စာချုပ်ဖို့တွေရှိပါတယ်။ ဒီပြပွဲကြီးကို မလာခင်က စီးပွားရေးဈေးကွက်ချဲ့ထွင်ပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ပြည်သူတွေ ဝယ်ယူအသုံးပြုနိုင်အောင်စီမံဖို့ တော်တော်လေးခက်ခဲခဲ့ပါတယ်။ ကျွန်တော့်အတွက် ပထမဆုံးပြိုင်ပွဲ ရဲ့အကျိုးရလဒ်က အများကြီးရှိပါတယ်။ လာမယ့်နှစ်တွေမှာ ကျင်းပမယ့် ပြပွဲပြိုင်ပွဲတွေမှာလည်း အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြသကြဖို့ တိုက်တွန်းလိုပါတယ်။ ပြပွဲနှစ်ရက်အတွင်းမှာ ကျွန်တော့်ထုတ်ကုန်ပစ္စည်းတွေက ကုန်သလောက်ရှိသွားပါပြီ။ ထပ်မံမှာယူဖို့လည်း စီစဉ်ထားပါတယ်။ အခုလို ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးကို စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။

မအေးဖြူခင်

မဟာအရည်အချင်းစစ်(သင်္ချာ)ကျောင်းသူ

Naypyitaw State Academy

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအပြီးမှာ အားလပ်ချိန်ရလို့ MSME ပြပွဲမှာ ပြခန်းကို လာရောက်လေ့လာတာပါ။ ဒီမှာပြခန်းတွေ တော်တော်စုံတယ်။ အဓိကကတော့ အဝတ်အစားနဲ့ပတ်သက်တဲ့ပြခန်းတွေ၊ ချင်းရိုးရာအဝတ်အထည်တွေ၊ လည်ဆွဲတွေ၊ သစ်မြစ်သစ်ဖုတွေကနေလုပ်တဲ့ အလှကုန်တွေ၊ နှုတ်ခမ်းနီတွေကို စိတ်ဝင်စားပါတယ်။ ကျွန်မ စိတ်အဝင်စားဆုံးကတော့ အစားအသောက်ပြခန်းတွေပါ၊ လူတစ်ယောက်ဖြစ်လာပြီဆိုလို့ရှိရင် စားဝတ်နေရေးအတွက် ရှင်သန်ရတယ်။ အဓိက အစားအသောက်၊ ပြီးရင်အဝတ်အထည်၊ ဒါကြောင့်မို့ ကျွန်မစီးပွားရေးလုပ်မယ်ဆိုရင် အစားအသောက်နဲ့ပတ်သက်တဲ့ထုတ်ကုန်တွေ ထုတ်ချင်ပါတယ်။

မကြူသဇင်ထွန်း

ဒုတိယနှစ်(ဥပဒေ)ကျောင်းသူ

Naypyitaw State Academy

ကျွန်မတို့ သူငယ်ချင်းတွေနဲ့အတူ ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပြခန်းကိုလာပြီး လေ့လာတာပါ။ ဒီမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပေါင်းစုံက ပြခန်းတွေတော်တော်စုံတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့တိုင်းရင်းသားပြည်နယ်တွေက ပြခန်းတွေကိုလည်း တစ်ခုချင်းစီဝင်ကြည့်ဖြစ်တယ်။ ကျွန်မစိတ်ဝင်စားတာက ဝါးလက်မှုထုတ်ကုန်တွေ၊ ဝါဂွမ်းနဲ့လုပ်တဲ့ ချည်ထည်တွေ၊ ချင်းရိုးရာ ပုတီးလေးတွေ၊ ရိုးရာဂျပ်ခုတ်ထည်တွေ၊ ရက်ကန်းရက်လုပ်နေတာတွေကို စိတ်ဝင်စားတယ်။ ဒီ ပဲခူးတိုင်းဒေသကြီးပြခန်းမှာဆိုရင် ချဉ်ပေါင်ဖူးခြောက် ထုတ်ကုန်တွေကို စိတ်ဝင်စားတယ်။ အခုလိုမျိုး စီးပွားရေးလုပ်ငန်းတွေကို လေ့လာခဲ့တဲ့အချိန်မှာ အများစုက အလှအပထုတ်ကုန်တွေနဲ့ နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ အစားအစာထုတ်ကုန်တွေ ဖြစ်တာတွေ့ရတယ်။ ကျွန်မကိုယ်တိုင် စီးပွားရေးလုပ်ဖြစ်မယ်ဆိုရင် အလှအပကို စိတ်ဝင်စားတဲ့အတွက်ကြောင့် Skin care ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ချင်ပါတယ်။

တွေ့ဆုံမေးမြန်း- ဇင်ဦး၊ ဟိန်းထက်ဇော်

ဓာတ်ပုံ- ဇော်ဘီ

Newspaper - 3076 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download