လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 03, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်စောနွဲ့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မင်္ဂလာပါရှင့်၊ 

ကျွန်မကတော့ ဒေါက်တာခင်စောနွဲ့ဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဖြစ်ပါတယ်ရှင့်။

မူဝါဒအနေဖြင့်

ပါတီစုံဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာ၌ တိုင်းရင်းသားအားလုံး ပါဝင်ရမည်။ ဒီမိုကရေစီ လမ်းကြောင်းနှင့် မလွဲချော်စေရန်ဖြစ်ပြီး ဥပဒေနှင့်ညီညွတ်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။

လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရန် မူဝါဒများသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ မူဝါဒများပင် ဖြစ်ပါသည်။

သဘောထားအနေဖြင့်

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ချစ်မြတ်နိုးပါသည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးအချင်းချင်း တန်ဖိုးထားရသော ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများကို ဖော်ထုတ်ပြီး နိုင်ငံ၏ ဒီမိုကရေစီ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးပြီး ပေါင်းစည်းနေထိုင်လိုသော သဘောထားများ ရှိပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပ နိုင်စေချင်သော သဘောထားသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ သဘောထားပင်ဖြစ်ပါသည်။ ထို့ပြင် ပါတီများ တိုင်းရင်းသားများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းကြဖို့ကိုလည်း မျှော်မှန်းချက်ထားပါသည်။ ဒီမိုကရေစီဖော်ဆောင်ရေးကို လုပ်သားပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းဆန္ဒများသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး (ဒူးလေး ပါတီ) ၏ သဘောထားတစ်ရပ်ပင်ဖြစ်ပါသည်။ ထို့ပြင် လီဆူလူမျိုးများအနေနှင့် မိမိတို့၏ ဒေသစွဲ၊ လူမျိုးစွဲမရှိ အလွန်ရိုးသားသော နိုင်ငံတော်ကို ပုန်ကန်သောအဖွဲ့အစည်းမျိုးလည်း မရှိခဲ့ကြပါ။ ဒါကြောင့်လည်း သမိုင်းပညာရှင်သုတေသီများအနေနှင့်လည်း ဂုဏ်ပြု၍ လီဆူတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးစံများကို သုတေသနပြု၍ ဖော်ထုတ်ခဲ့သည်။ လီဆူတိုင်းရင်းသားတို့၏ ချစ်စဖွယ် တန်ဖိုးထားဖွယ် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကမ္ဘာ့နေရာအနှံ့အပြား ပျံ့နှံ့ နေထိုင်ခြင်းများ၊ ဥပမာ အိန္ဒိယ၊ ယူနန်ပြည်နယ်၊ အရှေ့တောင်အာရှများတွင် ပျံ့နှံ့နေထိုင်သော်လည်း ဘုံစကားရှိ၍ တန်ဖိုးထားစရာဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ တိုင်းရင်းသားတစ်ဦးနှင့် တစ်ဦးချစ်ခင်လေးစားလာစေခြင်းသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ သဘောထား ဖြစ်ခဲ့ရသည်။

ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ တစ်ကမ္ဘာလုံးငြိမ်းချမ်းကြပါစေ။ မြန်မာပြည်တစ်ဝန်း လှပသာယာစိုပြည်စေချင်တာကလည်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ သဘောထားပင်ဖြစ်ပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့်လည်း ပွင့်လင်းမြင်သာသောဆန္ဒများ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ကြမယ်၊ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာက ပါဝင်လာကြမယ်ဆိုရင် ယနေ့နိုင်ငံတွင် ကြုံတွေ့နေခဲ့ရသော ရေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝအန္တရာယ်များ ခံစားရသော ဒေသခံတိုင်းရင်းသားများကို တတ်စွမ်းသမျှ ကူညီချစ်ခင်ဝိုင်းဝန်းအားပေးကြမယ်ဆိုပါက အားလုံးကို ကမ်းလင့်လို့ကြိုနေကြမှာပါ။ ရင်ထဲမှာ မေတ္တာထားတတ်ကြတာ လူသားတိုင်းမှာ ရှိပါတယ်။ ဒါကြောင့် အားလုံးမေတ္တာအရင်းခံထားပြီး အချင်းချင်းစည်းလုံးချစ်ကြည်ငြိမ်းချမ်းစေချင်ကြခြင်းသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ သဘောထား၊ မေတ္တာထုထည်ကြီးမားခြင်းပင်ဖြစ်သည်။ တိုင်းရင်းသားအားလုံး ယုံကြည်ကိုးကွယ် ခြင်းများကိုလည်း လွတ်လပ်စွာကိုးကွယ်ကြပြီး အဓိကသည် မေတ္တာထားကြ တာခြင်းကတော့ တူညီကြပါသည်။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် လွတ်လပ်စွာကိုးကွယ်ပြီး တိုင်းရင်းသားအားလုံး နိုင်ငံတော်ကိုချစ်ပြီး အတူတကွ နိုင်ငံ့အကျိုးသယ်ပိုးစေလိုသော သဘောထားသည်လည်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ သဘောထားတစ်ရပ်ပင် ဖြစ်ပါသည်။

တောင်ပေါ်၊ မြေပြန့်မခွဲခြားဘဲ တိုင်းရင်းသားများ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးလာစေရန် စွမ်းဆောင်ပေးနိုင်သော သဘောထားများသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုတက်ရေးပါတီ၏ သဘောထားတစ်ရပ်ပင်ဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ဌာနေပြည်သူ့စစ် လီဆူတိုင်းရင်းသားလူငယ်မောင်မယ် တိုင်းရင်းသားများသည်လည်း နိုင်ငံ့အကျိုးသယ်ပိုးရာတွင် အခြားတိုင်းရင်းသားများနည်းတူ စေတနာအရင်းခံ၍ စည်းလုံးကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်စေလိုသော သဘောထားများသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ)၏ သဘောထားပင်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး၏ စားဝတ်နေရေးများ ပြေလည်ပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေလိုသော သဘောထားများသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၏ စိတ်ရင်း သဘောထားတစ်ရပ်ပင်ဖြစ်ပါသည်။

လုပ်ငန်းစဉ်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး၏ ပညာရေးကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင်ရှိသော လီဆူ၊ ရှမ်း၊ ရဝမ်ရွာများတွင် သင်ထောက်ကူပစ္စည်းများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပေါင်းစည်း၍ လှူဒါန်းမှုများ ပြုလုပ်ပါမည်။

တိုင်းရင်းသားမောင်မယ်လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အသေးစားစက်မှုလုပ်ငန်း အိမ်တွင်းမှုသင်တန်းများကို သင်တန်းပို့ချပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် အစီအစဉ်များ ဆောင်ရွက်ပါမည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန် မခွဲခြားဘဲ လိုအပ်သော လှူဒါန်းမှုများကို စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ပါဝင်ဆောင်ရွက်ပါမည်။ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း၍ ပူတာအိုခရိုင်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအထောက်အကူပြုအဖွဲ့ငယ်များနှင့်အတူပူးပေါင်း၍ ကမ္ဘာ့ခရီးသွားများ လာရောက်၍ နိုင်ငံတော်ဝင်ငွေတိုးတက်ရေး၊ E Tourism ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်ပါမည်။ တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွတ်ရေး ရရှိနေစေဖို့အတွက် အမျိုးသားစည်းလုံးညီညွတ်ရေး ခိုင်မာနေရန် လိုအပ်ပါသည်။ လက်ရှိအခြေအနေအရ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ဖြေရှင်းရမည်ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ သတ္တုတူးဖော်ခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်း၊ ပယင်းတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများသည် ကချင်ပြည်နယ်တွင် နေထိုင်ကြသူများ၏ အဓိကအသက်မွေးဝမ်းကျောင်းစီးပွားရေးလုပ်ငန်းများ ဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ဥပဒေနှင့်အညီ တရားဝင်နိုင်ငံသားတိုင်းရင်းသားများအတွက် လုပ်ပိုင်ခွင့်များ ရရှိရေးအတွက်လည်း ဆောင်ရွက်နိုင်ရန် ဦးဆောင်မှုများ ပြုလုပ်နိုင်ခြင်း လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနေနှင့် တင်ပြဆောင်ရွက်ပါမည်။

လူမှုစီးပွား၊ လူ့အခွင့်အရေး များ လျင်မြန်တိုးတက်ဖွံ့ဖြိုးစေမည့် ဒူးလေးပါတီ၊

အလုပ်အကိုင်အခွင့်အလမ်း၊ ပညာဖွံ့ဖြိုး လျင်မြန်စွာ တိုးတက်စေမည့် ဒူးလေးပါတီ၊

ယုံကြည်မှုကို အကောင်အထည်ဖော်မှာ ဒူးလေးပါတီပါရှင့်။

ကျေးဇူးတင်ပါတယ်ရှင်။

ပါတီ၏ သီချင်းစာသား (မြန်မာဘာသာပြန်ဆိုချက်)

- လီဆူပါတီ ဒူးလေးပါတီ ဒူးလေးပါတီသည်

လီဆူအမျိုးသားများအိမ်ဖြစ်၍

မိမိတို့ အိမ်ကို တည်ဆောက်ထိန်းသိမ်းရမည်။

- ကိုယ့်အိမ်ကိုယ့်ယာမရှိခဲ့ရင်

ဒီကမ္ဘာပေါ်မှာ မျက်နှာငယ်ရမည်။

- လီဆူအမျိုးသားများ နိုးထလော့ / စည်းလုံးကြလော့

ကိုယ့်ရဲ့ ဒူးလေးပါတီမှ ကိုယ်စားလှယ်များကို

မဲပေးရွေးချယ်လိုက်ရအောင်

- လီဆူအမျိုးသားများ စည်းလုံး၍

တစ်စိတ်တစ်ဝမ်းတည်း

ရှေ့ဆက် ချီတက်ကြရအောင်

- တိုင်းရင်းသားများ တန်းတူညီရေးအတွက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်

တက်ရောက်ပါဝင်

ဆွေးနွေးနေပြီဖြစ်သည်။

- ဒူးလေးပါတီသည် တို့ပါတီ

လီဆူဒူးလေးပါတီအောင်မြင်ရမည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)

တေးသီချင်း

* (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ )၂

(ဟေ့ ဒူးလေးပါတီ)၃

Lisu National Development Party (L.N.D.P)

* ဒို့နိုင်ငံတစ်ခုလုံး ရွေးကောက်ကြမည်

မဲဆန္ဒရှင်ပြည်သူများ

ဆန္ဒမဲပေးကြမည်

တိုင်းရင်းသားအားလုံး

စည်းလုံးကြမည်

* မဲရုံကိုသွားလို့ မဲပေးကြမည်

Lisu National Development Party (L.N.D.P)

* လူ့အခွင့်အရေး လူမှုစီးပွားရေးနဲ့ ပညာရေး

အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး

အနာဂတ်ရဲ့

အောင်မြင်မှုပန်းတိုင်

စွမ်းဆောင်ပေးမည့် ဒူးလေးပါတီ

* (အချစ်ဆုံးရေ အတူသွားစို့ မဲပေးကြမည်)၂

(ဒူးလေးပါတီ)

Lisu National Development Party (L.N.D.P)

Newspaper - 3337 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download