လုပ်ငန်းများ အောင်မြင်ကြီးပွားတိုးတက်ရေး အခွင့်အလမ်းကောင်းများ မလွတ်တမ်းရယူ
လုပ်ငန်းများ အောင်မြင်ကြီးပွားတိုးတက်ရေး အခွင့်အလမ်းကောင်းများ မလွတ်တမ်းရယူ
Ministry of Information/ Naypyitaw / February 07, 2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို လာမည့် ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ နေပြည်တော် ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ရာ ပြင်ဆင်မှုလုပ်ငန်းများ ပြီးပြည့်စုံသွားပြီဖြစ်သည်။ ပြည်ထောင်စုအဆင့်ပွဲတော်ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန် ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုထုတ်ကုန်စသည်ဖြင့် အမျိုးအစားစုံလင်စွာ တစ်စုတစ်ဝေး တွေ့မြင်ခွင့်ရကြမည်ဖြစ်သကဲ့သို့ MSME လုပ်ငန်းရှင်များအတွက်လည်း အတွေးသစ်၊ အမြင်သစ်၊ အခွင့်အလမ်းသစ်များ ရရှိနိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကြီးတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြခန်း ၁၅ ခန်း၊ ဝန်ကြီးဌာန ပြခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာ ပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများစသည်တို့အပါအဝင် ပြခန်းစုစုပေါင်း ၁၂၄ ခန်း ပါဝင်မည်ဖြစ်သည်ဟု သတင်းများအရ သိရသည်။
ဤတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်ဖြစ်လိုသူများ၊ ပြည်တွင်း MSME လုပ်ငန်းရှင်များ မိမိတို့၏လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လေ့လာ၊ ဆွေးနွေးဆောင်ရွက်နိုင်မည့် လုပ်ငန်း/ စီးပွားချိတ်ဆက်မှုပြခန်းမှာ လုပ်ငန်းရှင်များအဖို့ စိတ်ဝင်စားဖွယ်ရာဖြစ်သကဲ့သို့ လက်တွေ့အကျိုးဖြစ်ထွန်းနိုင်ကြမည်လည်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် အဆိုပါပြခန်းတွင် MSME ထုတ်ကုန်များကို ပြည်တွင်းရှိ စတိုးဆိုင်များ၊ လက်လီလက်ကားဆိုင်ကြီးများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည့် ပြည်တွင်းစျေးကွက် ချိတ်ဆက်မှုအခွင့်အလမ်းကို ရရှိကြမည်ဖြစ်သည်။ ထို့အပြင် online e.commerce platform မှတစ်ဆင့် မိမိတို့၏ထုတ်ကုန်များကို နိုင်ငံတကာဝယ်လက်များသို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် ပြည်ပဈေးကွက်အခွင့်အလမ်းကိုလည်း ရရှိနိုင်သည်။
အဆိုပါ လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်းတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ သီလဝါအထူးစီးပွားရေးဇုန်၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်း များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ လက်လီလက်ကားရောင်းချသူများ၏ အချင်းချင်းချိတ်ဆက်မှုလုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အကောက်ခွန်ဦးစီးဌာနနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအကြား လုပ်ငန်းစဉ်များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံတကာတွင်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးသံမှူးများနှင့် အွန်လိုင်းမှ ဆွေးနွေးနိုင်မည့် ဝန်ဆောင်မှုများ၊ မူပိုင်ခွင့်ဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ကုန်စည် ပြပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်ပေးမည့်အစီအစဉ်များလည်းရှိရာ လုပ်ငန်းရှင်များအားလုံး မဖြစ်မနေ သွားရောက်လေ့လာကြရန်လိုသည်။
ထိုမျှပင်မကသေး မိမိတို့ကုန်ပစ္စည်းများ ပြည်ပစျေးကွက်ဝင်ရောက်နိုင်ရန်လိုအပ်သည့် Certificate ရရှိရေးနှင့် မှတ်ပုံတင်ခြင်းကိစ္စများ၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသရေး ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ပုဂ္ဂလိကဘဏ်များမှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်များ၏ ဝန်ဆောင်မှုများဆိုင်ရာ သတင်းအချက်အလက်များရရှိရေး ချိတ်ဆက်မှုတို့ကိုလည်း ဆောင်ရွက်နိုင်ကြမည်ဖြစ်ရာ တစ်နှစ်တစ်ခါ တစ်နေရာတည်းတွင် ရရှိနိုင်ကြမည့် အထူးအခွင့်အရေးများပင်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်နေသော MSME လုပ်ငန်းများ အားကောင်းမောင်းသန် ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် တည်မှီလျက်ရှိသည်။ သို့ဖြစ်သည့်အလျောက် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုကဏ္ဍအသီးသီးတို့တွင်ရှိနေသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အဘက်ဘက်မှလိုအပ်ချက်များကို ဖြည့်ဆည်း၍ မြေတောင်မြှောက်ပေးလျက်ရှိသည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကြီးသည် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ရှိနေကြသည့် MSME လုပ်ငန်းများအတွက် ထူးခြားသည့်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေခြင်းဖြစ်သည့် အလျောက် ရရှိလာသည့် အခွင့်အလမ်းကို မလွတ်တမ်း ရယူဆုပ်ကိုင်ကာ လုပ်ငန်းများ အောင်မြင်ကြီးပွားတိုးတက်ကြပါစေကြောင်း။ ။
Newspaper - 3455 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
