လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး ၁/၂၀၂၅ ကျင်းပပြုလုပ်
လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး ၁/၂၀၂၅ ကျင်းပပြုလုပ်
Ministry of Home Affairs/ Nay Pyi Taw / June 26, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ၁/၂၀၂၅ အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအား အစီအစဉ် ၆ ရပ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ကျော်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂- ၂၀၂၆)၏ ၂၀၂၅ ခုနှစ်၊ လုပ်ငန်းစီမံချက်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီအနေနှင့် လုပ်ငန်းတာဝန် ၁၀ ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများကို မိမိနိုင်ငံအတွင်းသို့ လာရောက်စည်းရုံးကာ အယောင်ပြလက်ထပ်ပြီး ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်သည်အထိ အတင့်ရဲလာသော လူကုန်ကူးမှုများကို ဖော်ထုတ်ရရှိနေကြောင်း၊ မြန်မာအမျိုးသမီးများနှင့် ပြည်ပနိုင်ငံခြားသားများ ထိမ်းမြားလက်ထပ်ရန် ဆောင်ရွက်ပေးကြသူများနှင့် ဥပဒေကို လက်တစ်လုံးခြားလုပ်နေသူများ၏ အသုံးချမှု မခံရစေရေး ဂရုပြုကြရန် အထူးမှာကြားလိုကြောင်း၊ မြန်မာနိုင်ငံထဲအထိ လက်ထပ်ရန် လာရောက်စည်းရုံးခဲ့သည့် ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ယနေ့အထိ ၁၄ မှု ရှိပြီဖြစ်ကြောင်း၊ ယခုနှစ်အတွင်း Online မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့သည့်ဖြစ်စဉ်များအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း။
Online လိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကြပ်ဖိအားပေး စေခိုင်းခံနေရသည့် Victim များထဲတွင် နိုင်ငံအသီးသီးမှ ပညာတတ်လူငယ်များ ပါရှိနေသည်ကို တွေ့ရသလို မြန်မာနိုင်ငံမှ လူငယ်အချို့သည် အာဆီယံဒေသတွင်း နိုင်ငံအချို့တွင် Victim အဖြစ် ရောက်ရှိခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ Online လိမ်လည်မှုနှင့်ဆက်နွှယ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရေးဆွဲပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်ကစပြီး Pilot Project အနေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း။
ကျူးလွန်သူများအနေဖြင့် Online မှတစ်ဆင့် မက်လုံးပေးလိမ်လည်များအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် လူကုန်ကူးမှုကျူးလွန်ခြင်းခံနေရသည်ကို တွေ့ရှိရကြောင်း၊ ကျူးလွန်သူများသည် တိုးတက်လာသည့် နည်းပညာများကို အခြေခံပြီး ကျူးလွန်ပုံများမှာ စနစ်တကျဂိုဏ်းဖွဲ့ပြီး လမ်းကြောင်းပုံစံသစ်များဖြင့် ပြောင်းလဲကျူးလွန်လာသည့်အတွက် ထိရောက်စွာ တားဆီးထိန်းချုပ်သွားရန် နည်းလမ်းများကို ဖော်ထုတ်သွားကြရန်လိုကြောင်း။
၂၀၂၄ ခုနှစ်အတွင်း လူကုန်ကူးမှုဖြင့် ၅၃ မှု အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့သည့် ဦးတည်နိုင်ငံများမှာ တရုတ်သို့ ၃၄ မှု၊ လာအိုသို့ ၁ မှု၊ ကမ္ဘောဒီးယားသို့ ၁ မှုနှင့် ပြည်တွင်း ၁၇ မှု ဖြစ်ပွားခဲ့ကြောင်း၊ အမှုအမျိုးအစားများမှာ အဓမ္မလက်ထပ်စေခြင်း ၃၅ မှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေခြင်း ၉ မှု၊ အဓမ္မအလုပ်ခိုင်းစေခြင်း ၁ မှု၊ ကိုယ်ဝန်အငှားဆောင်စေခြင်း ၁ မှုနှင့် အခြားနည်းလမ်းများဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်း ၁ မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန် ၂၀ ရက်အထိ လူကုန်ကူးမှု ၈၀ မှု အရေးယူနိုင်ခဲ့သောကြောင့် ယခင်နှစ်ထက် လူကုန်ကူးမှုများကို တိုးမြှင့်ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း။
၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် ၂၁၈ မှုနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန် ၂၀ ရက်အထိ ၄၂ မှုတို့ အရေးယူဆောင်ရွက်ခဲ့ရာ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များမှ တရားမဝင်သွားမည့်သူများကို တားဆီးအသိပညာပေး ဆောင်ရွက်ပြီး နေရပ်ဒေသသို့ ပြန်လည်စေလွှတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ၄,၃၃၇ ဦးနှင့် ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်အထိ ၄၇၇ ဦးတို့အား အသိပညာပေး တားဆီးပြန်လွှတ်နိုင်ခဲ့ပါကြောင်း။
ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သောဟန့်တားမှုဖြစ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Billboard နှင့် ပိုစတာများ စိုက်ထူခြင်း၊ Talk Show များ ပြုလုပ်ခြင်း၊ ရုပ်မြင်သံကြားမှတစ်ဆင့် အသိပညာပေးဇာတ်လမ်းများ ထုတ်လွှင့်ပြသခြင်း၊ အော်ပရေတာများမှတစ်ဆင့် SMS များ ပေးပို့ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် အရေးပေါ်တိုင်ကြားနိုင်သည့် Hot Line ဖုန်းများထူထောင်ပြီး သတင်းများလက်ခံကာ အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ် အရေးယူလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ဆန်းက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ကျော်ကျော်က ၂၀၂၅ ခုနှစ်၊ လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများကို ဆွေးနွေးချပြခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper - 3541 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
