လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အမျိုးသားရေးတာဝန်ဖြင့် ဆောင်ရွက်
လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အမျိုးသားရေးတာဝန်ဖြင့် ဆောင်ရွက်
Ministry of Information/ Naypyitaw / March 22, 2026
ယနေ့ကမ္ဘာပေါ်တွင် နည်းပညာများ တိုးတက်မြင့်မားလာသည်နှင့်အမျှ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်ကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်များက သက်သေပြလျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုများတွင် ယေဘုယျအားဖြင့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားဆိုင်ရာလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှု၊ ချစ်သူရည်းစားဇနီးမယားအဖြစ် ဟန်ဆောင်လိမ်လည်မှုစသည်ဖြင့် လိမ်လည်မှုမျိုးစုံတို့ကို တွေ့မြင်ရမည်ဖြစ်သည်။
အဆိုပါလိမ်လည်မှု နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားကျူးလွန်မှုများတွင် အလုပ်အကိုင်ငွေကြေး လိမ်လည်မှုများမှတစ်ဆင့် အတင်းအကျပ်အဓမ္မခိုင်းစေသည့် လူကုန်ကူးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးရေးအနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကြော်ငြာဘုတ်များနှင့် ပိုစတာများစိုက်ထူခြင်း၊ စကားဝိုင်းဆွေးနွေးခြင်း၊ နိုင်ငံပိုင်ရုပ်မြင်သံကြားများမှတစ်ဆင့် အသိပညာပေးရုပ်မြင်သံကြားဇာတ်လမ်းများ ထုတ်လွှင့်ပြသနိုင်ရေးဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုအသိပညာပေးစတစ်ကာများကပ်ခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် အများပြည်သူထံ အသိပညာပေးသတင်းစကားများ မျှဝေခြင်းစသည့် ကြိုတင်ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းစဉ်များအပြင် အများပြည်သူနေ့စဉ်အသုံးပြုနေကြသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်မှတစ်ဆင့် လူကုန်ကူးခံရသည့် သားကောင်များ၏ ဖြစ်စဉ်အခြေအနေမှန်များကို သတင်းအနေဖြင့်လည်းကောင်း၊ ဖြစ်ရပ်မှန်ဇာတ်လမ်းအနေဖြင့်လည်းကောင်း လူမှုကွန်ရက်ပေါ်တွင် မကြာခဏအသိပညာများ မျှဝေရေးကို အမျိုးသားရေးအသိဖြင့် ကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုတို့နှင့်ပတ်သက်၍ အန္တရာယ်များသော လုပ်ငန်းများအဖြစ် သိရှိကြသော်လည်း လူတို့၏အဇ္ဈတ္တအတွင်းသန္တာန် လွှမ်းမိုးခြယ်လှယ်တတ်သော စိတ်အခံလိုအင်ဆန္ဒများကြောင့် အန္တရာယ်ရှိမှန်းသိပါလျက်နှင့် ပိုးဖလံမျိုးမီးကိုတိုးသလို တစ်ဇွတ်ထိုးတိုးဝင်နေကြသည်ကို တွေ့ရ မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှစတင်၍ သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခုနှစ် မှစတင်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းများ အသီးသီးရေးဆွဲပြီး စီမံကိန်းပါလုပ်ငန်းများကို လုပ်ငန်းစီမံချက်များနှင့် လုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှစ်အလိုက်ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အခက်အခဲအမျိုးမျိုး တွေ့ကြုံခဲ့ရသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ချိတ်ဆက်ကာ ဝန်ကြီးဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးကာ မိသားစုထံပြန်လည်အပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိခဲ့ကြပြီး အခက်အခဲကြုံတွေ့ရသဖြင့် ဆက်သွယ်ရေးသံတမန်လမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ ပြည်တွင်းစက်ရုံအလုပ်ရုံများ၏ လုပ်သားလိုအပ်ချက်၊ အာဆီယံဒေသတွင်းနိုင်ငံအချို့၏ လုပ်သားလိုအပ်ချက်များအပေါ်အခြေပြုပြီး မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်ကြသူများကို ပြည်ပသို့ တရားမဝင်ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများသည် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်လာကြသည်။ မြန်မာနိုင်ငံတွင် လက်ရှိပြဋ္ဌာန်းအသုံးပြုလျက်ရှိသည့် ရာဇသတ်ကြီးဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေများကို အမှီပြု၍သာ ကျူးလွန်သူများကို အရေးယူဆောင်ရွက်ရသဖြင့် ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူမှောင်ခိုကူးသူများကို တားဆီးနှိမ်နင်းရေးဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိအရေးယူဆောင်ရွက်နေသည့် ဥပဒေများထက် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ပြည်သူများအနေဖြင့်လည်း လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို ရှာဖွေလေ့လာ၍ မိမိတို့၏ အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် အထူးသတိထားရှောင်ရှားကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3477 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
