လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ မှ ရရှိမည့်ရလဒ်များကို လူငယ်နှင့် အစိုးရအကြား၊ အစိုးရနှင့် ပြည်သူအကြား ပျံ့နှံ့ရောက်ရှိအောင် မိမိတို့ဒေသများဆီ ပြန်လည်သယ်ဆောင်


Ministry of Information/ Naypyitaw / January 14, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

“ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကိုမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ အခြားဖိတ်ကြားထားသည့် လူငယ်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို တက်ရောက်လာကြသည့် လူငယ်မောင်မယ်များအနေဖြင့် ငြိမ်းချမ်းရေးကို လူငယ်များ၏ လက်တွေ့ဘဝ၊ လူငယ်များ၏ တာဝန်၊ လူငယ်များ၏ မျှော်မှန်းချက်နှင့်အတူ အနာဂတ်တွင် ပေါင်းစပ်နိုင်ပြီဖြစ်ကြောင်း၊ ဖိုရမ်ဆောင်ပုဒ်သည် “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး”ဖြစ်ကြောင်း၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည့် လူငယ်များသည် အခြေခံ ငြိမ်းချမ်းရေးအသိစိတ်ဓာတ်များဖြစ်သည့် တစ်ဦးချင်းစီ၏ ဘာသာစကားနှင့်ယဉ်ကျေးမှုကို လေးစားမှု၊ အမုန်းစကားများမပါဘဲ အမှန်တရားနှင့် ပြေလည်မှုကို ဦးစားပေးမှု၊ ကွဲပြားခြားနားမှုများကို အမျိုးသားရေးစွမ်းအားအဖြစ် ရှုမြင်နိုင်သည့် စိတ်ထားရှိမှုတို့ကို နားလည်လက်ခံရန်လိုကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာသည် ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် မြို့ပြလူငယ်၊ နည်းပညာရှင်လူငယ်များအနေဖြင့် စွန့်ဦးတီထွင်မှုများ၊ ဒစ်ဂျစ်တယ်စီးပွားရေးများ၊ AI အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ စသည်ဖြင့် စီးပွားရေးနှင့် နည်းပညာပလက်ဖောင်းများကို မည်သို့လုပ်ဆောင်ကြမည်၊ မည်သို့ဝိုင်းဝန်းအဖြေရှာကြမည်ဆိုသည်ကို ဆွေးနွေးသွားကြရန်လိုအပ်ကြောင်း၊ လူငယ်တိုင်းအတွက် ကောင်းမွန်သည့် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးခြင်းက ငြိမ်းချမ်းရေးကို အကောင်းဆုံးတည်ဆောက်ခြင်းဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးအတွက် နိုင်ငံသားတိုင်းအခြေခံလိုအပ်နေသည့် စီးပွားရေးဆိုင်ရာဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းဖြင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေမည်ဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာသည် အမုန်းစကားဖြန့်ချိရာနေရာဖြစ်သလို စည်းလုံးညီညွတ်မှု၊ ပြန်လည်သင့်မြတ်မှုနှင့် နားလည်မှုတည်ဆောက်နိုင်သည့် နေရာလည်းဖြစ်ပါကြောင်း၊ ဖိုရမ်မျှော်မှန်းချက်အနေဖြင့် ယခုဖိုရမ်ကနေ ထွက်ပေါ်လာမည့် လူငယ်ငြိမ်းချမ်းရေးကြေညာ စာတမ်း (Youth Peace Declaration) သည် လူငယ်များအတွက် လက်တွေ့ကျသည့် လိုအပ်ချက်များ၊ ရည်မှန်းချက်များနှင့် ကတိကဝတ်များပါဝင်သည့် လမ်းညွှန်တစ်ရပ်ဖြစ်စေလိုကြောင်း၊ ထို့အတူ နားလည်မှုတည်ဆောက်ရန် ကွန်ရက်တစ်ခုသာမက တက်ကြွသည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ချိတ်ဆက်မှုတစ်ခု ဖြစ်စေလိုကြောင်း၊ လူငယ်နှင့်အစိုးရအကြား၊ အစိုးရနှင့် ပြည်သူအကြားပျံ့နှံ့ရောက်ရှိအောင် ငြိမ်းချမ်းရေးဖိုရမ်မှ ရရှိမည့်ရလဒ်များကို မိမိတို့၏ ဒေသများဆီကို ပြန်လည်သယ်ဆောင်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကျင်းပမည့်အစီအစဉ်နှင့်ပတ်သက်၍ Youth Peace Forum 2026 ကို အမျိုးသားအဆင့်၊ မျှတပြီးပါဝင်နိုင်မှုရှိသော ပလက်ဖောင်းတစ်ခုအဖြစ် စနစ်တကျ စီစဉ်ပြင်ဆင်ခဲ့ကြောင်း၊ ယခုဖိုရမ်သည် လူမျိုး၊ ဒေသ၊ ယဉ်ကျေးမှုနှင့် လူမှုနောက်ခံမတူကွဲပြားသော လူငယ်များကို စုစည်းပြီး မိမိတို့၏ အမြင်များမျှဝေရန်၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးမှ လူငယ်များပါဝင်မှုနှင့် ဆောင်ရွက်ချက်များ အရေးကြီးမှုကိုပေါ်လွင်စေရန်၊ လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက် တစ်ရပ်ရေးဆွဲနိုင်ရန်အတွက် လူငယ်များ၏ အကြံပြုချက်များရရှိစေရန်၊ ရွေးကောက်ပွဲအလွန်ကာလတွင် လူငယ်များ၏ လက်တွေ့ကျသည့် အခန်းကဏ္ဍများကို ဖော်ထုတ်နိုင်ရန် ရည်မှန်းဆောင်ရွက်ထားကြောင်း။

ဆွေးနွေးပွဲကို သုံးရက်ပြုလုပ်သွားမည်ဖြစ်ပြီး ပထမနေ့တွင် လူငယ်များကို ငြိမ်းချမ်းရေးအမွေလက်ဆင့်ကမ်းပေးခြင်းနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းမြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် နယ်မြေဒေသအသီးသီးမှ အနည်းဆုံးလူငယ် ၂၂ ဦးထံမှ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးတင်ပြချက် များရယူခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ၊ ကျွမ်းကျင်ပညာရှင်လူငယ်များ၊ ဝန်ကြီးဌာနမှ အတွေ့အကြုံရှိသည့် ကိုယ်စားလှယ် ၁၀ ဦးတို့က သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက်ဆွေးနွေးပြီး လူငယ်ကိုယ်စားလှယ် ၃၂၀ တို့က အခန်း ၄ ခန်းခွဲ၍ ဆွေးနွေးဖော်ထုတ်ခြင်းများ ဆောင်ရွက်သွားကြမည်ဖြစ်သည့်အပြင် လျှပ်တစ်ပြက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတိယနေ့တွင် လူငယ်ဖိုရမ်၏ အဓိကအရေးအကြီးဆုံးဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ခြင်း၊ ကွန်ရက်အလိုက်စီမံချက်၊ အဆိုပြုချက်များ တင်ပြဆွေးနွေးခြင်းများ၊ ဆွေးနွေးချက်များအပေါ် ပညာရှင်အချို့က အကြံပြုဆွေးနွေးပြီး အဆိုပြုချက်များကို အကဲဖြတ်ဆုပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သုံးရက်တာ ဆွေးနွေးပွဲနိဂုံးချုပ်အပိုင်းတွင် အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့်အနာဂတ်လူငယ်ကြေညာစာတမ်းနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကိုစုစည်းပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ်ရေးဆွဲနိုင်ရေး အကြံပြုချက် (Recommendations ၊ Outcomes) များကို စနစ်တကျ စုစည်းရယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ငြိမ်းချမ်းရေးတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သူများက ငြိမ်းချမ်းရေးအတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း၊ ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်းရေးနှင့်ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ အစီအမံများ၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ယုံကြည်မှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာအစီအမံများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား မဟာဗျူဟာအမြင်ဖြင့်လေ့လာခြင်း၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များက လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရပ်တန့်စေရေးနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် လူငယ်ကိုယ်စားလှယ်များထံမှ လူငယ်များအတွက် ငြိမ်းချမ်းရေးဆိုင်ရာ လျှပ်တစ်ပြက်စစ်တမ်း ဆန္ဒသဘောထားကောက်ယူခြင်းတို့ကို ဆောင်ရွက်ကြသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးမှုများမှရရှိလာမည့် အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး လက်နက်ကိုင်ပဋိပက္ခများရပ်တန့်စေရေးနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း မြှင့်တင်ခြင်းတို့တွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download