လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်
လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်
Ministry of Information/ Naypyitaw / August 02, 2025
နေပြည်တော် ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်နေ မောင် -----၊ ၂၆/၂၀၂၅ နှင့် ၎င်း၏ ရည်းစားဖြစ်သူ မ-----၊ ၁၈/၂၀၂၅ နှစ်တို့က ခင်မင် ရင်းနှီးသည့် ရွှေပြည်သာမြို့နယ်နေ မယုဝတီထံ အလုပ်လုပ်လိုကြောင်း အကူအညီတောင်းခံခဲ့ရာ မယုဝတီက အလုပ်ရမည်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာသို့လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်၌ မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ် ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာအားဂျယ်၊ ကြီးကြပ်သူ Lin Te၊ Sex Video ရိုက်ကူးသူ Wang Xiaofeng တို့နှင့်အတူ လူငယ်စုံတွဲနှစ်တွဲအား တွေ့ရှိခဲ့ပြီး ၎င်းတို့စုံတွဲသုံးတွဲအား Sex Video ရိုက်ကူးသည့် အလုပ်လုပ်ကိုင်ရမည်၊ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၁ သိန်းမှ ၁၆ သိန်း ခန့်ရရှိမည်ဟု စည်းရုံးပြောဆို၍ Sex Video သုံးကြိမ်စီရိုက်ကူးကာ ချီထိုက် Application မှ တစ်ဆင့် Live လွှင့်တင်ခဲ့ကြောင်း စိစစ်တွေ့ရှိရ သဖြင့် Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများ ဖြစ်သည့် မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ်(တိမ်းရှောင်)၊ Lin Te နှင့် Wang Xiaofeng တို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၃၂၅/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ဥပဒေပုဒ်မ ၃၈(က)(ခ) အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။
အမိန့်ချမှတ်ခဲ့
အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာနေ သူဇာစိုး(ခ) သူသူနှင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားရီဘော် (YIBO)တို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်နေ မ-----၊ ၂၆/၂၀၂၅ နှစ်နှင့် မ-----၊ ၂၂/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းနေထိုင်ပါက မိဘများအား ထောက်ပံ့ပေးနိုင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသား ချောင်ချုံးချွင်(Cao Qiu Quan)၊ ချန်ဟွမ့်(Chen Huan) ဆိုသူတို့နှင့် ငွေကျပ်သိန်း ၁၂၀ ဖြင့် တောင်းရမ်းလက်ထပ်ထိမ်းမြားပေးကာ သူဇာစိုး ငှားရမ်းနေထိုင်သည့် နဝဒေးအိမ်ရာ၌ အိမ်ခန်း တစ်ခန်းစီတွင် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံ သို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၂၆၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက တရားခံ သူဇာစိုး(ခ) သူသူ၊ တရုတ်နိုင်ငံသားရီဘော်(YIBO)၊ ချောင်ချုံးချွင် (Cao Qiu Quan)နှင့် ချန်ဟွမ့်(Chen Huan)တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ဇော်မင်းလှ(ခ)ရဖစ်နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ မ-----၊ ၂၀/ ၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok ၌ @Baby 31.0 အကောင့်မှတစ်ဆင့် ပြည့်တန်ဆာလုပ်ကိုင်ပါက တစ်ညလျှင် ငွေကျပ်နှစ်သိန်းရမည်၊ တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်မယားလုပ်ကိုင်ပါက ငွေကျပ် သိန်း ၇၀ ရမည်၊ လစဉ်ငွေကျပ် ၁၀ သိန်းရမည်ဟု စည်းရုံးပြောဆို၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ ခေါ်ယူစုဆောင်းခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောကျ်ားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း (ပ) ၅၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံး ဥက္ကဋ္ဌက တရားခံဇော်မင်းလှ(ခ)ရဖစ်နှင့် ယွန်းကာရံချိုတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ စံပယ်ချိုက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ မ-----၊ ၁၅/၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok မှ တစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံ တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ(ခ)ရဖစ် နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့၏ အစီအစဉ်ဖြင့် ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ မြစ်ကြီးနားမြို့တွင် အောင်ဆန်းက လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်း ကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန်ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းလှ(ခ)ရဖစ်ပါ လေးဦးကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံ ဇော်မင်းလှ(ခ)ရဖစ်၊ ယွန်းကာရံချိုနှင့် စံပယ်ချို တို့အား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နေ သူသူဝင်း(ခ)မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင်တို့က တစ်မြို့တည်းနေ မ-----၊ ၁၇/၂၀၂၅ နှစ် နှင့် မ-----၊ ၂၄/၂၀၂၅ နှစ်တို့ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈၀ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ်စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ် နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သူသူဝင်း(ခ)မသူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံမြင့်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်
Newspaper - 3537 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
