လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့
လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့
Ministry of Information/ Naypyitaw / August 11, 2025

မျက်မှောက်ကာလ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် အသက် ၃၀ သို့မဟုတ် ၎င်းထက်ငယ်ရွယ်သူများဖြစ်ကြပြီး နောက်လာမည့် ငါးနှစ်ကာလ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘာကြီး၏ အနာဂတ်ကို ဖန်တီးကြမည့် လူငယ်တို့၏ အရေးအရာကိစ္စအဝဝတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အာရုံစိုက်လာကြစေရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်ဩဂုတ်လ ၁၂ ရက်တွင် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို လူငယ်လူရွယ်များ ပိုမိုသိရှိပြီး ပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များနှင့် နှစ်စဉ်ကျင်းပလျက်ရှိသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂကချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့ - Local Youth Actions For The SDGs And Beyond” ဟူ၍ ဖြစ်သည်။ ကုလသမဂ္ဂကချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustain-able Development Goals- SDGs) ၏ ၆၅ ရာခိုင်နှုန်းကျော်သည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့် အဓိကဆက်နွှယ်နေပြီး ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်အခန်းကဏ္ဍနှင့် လူငယ်တို့၏ စွမ်းပကားတို့မှာ အရေးကြီးသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အစီအစဉ်သည် ၂၀၃၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဖြစ်ပြီး ယင်းအချိန်တွင် ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းအထိ ရှိနေမည်ဖြစ်သော လူငယ်များက SDGs အလွန် အနာဂတ်ကာလတွင် ပို၍အရေးပါနေမည်ဖြစ်ရာ လူငယ်တို့၏ စွမ်းအားမြင့်မားနေစေရန် မြှင့်တင်ထားဖို့ လိုမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိ အရွယ်ကို လူငယ်အဖြစ်သတ်မှတ်ထားပြီး နိုင်ငံ၏ လူဦးရေအခြေအနေတွင် လူငယ်ထုအင်အားများပြားခြင်းက အလုပ်လုပ်နိုင်သည့်အရွယ် လုပ်သားအင်အားများပြားခြင်းဖြစ်သည်။ လုပ်သားအင်အားများပြားခြင်းသည် နိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်သည်။
နိုင်ငံ၏အနာဂတ်စွမ်းအား လူငယ်များ စွမ်းရည်မြင့်မားနေမှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မီစေရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ရာတွင်လည်းကောင်း အဖိုးတန်လူသားအရင်းအမြစ်များအဖြစ် အရေးပါသောကဏ္ဍမှ ပါဝင်နိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ စည်းလုံးညီညွတ်သော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ကြမည့်လူငယ်များအား ကျန်းမာကြံ့ခိုင်ရေး၊ တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားရေး၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရားစံနှုန်းများမြင့်မားရေး လေ့ကျင့်ပြုစုပျိုးထောင်မှုများကို အလေးအနက်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3253 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။
