လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လယ်ယာထွက်ကုန်များအလေးပေး
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လယ်ယာထွက်ကုန်များအလေးပေး
Ministry of Information/ Naypyitaw / September 26, 2025
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့်ဆက်နွှယ်သော လုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်ကြသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာပြီး နိုင်ငံ့စီးပွားရေးကိုလည်း မြှင့်တင်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။
လယ်ယာထုတ်ကုန်လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ထိရောက်စွာမြှင့်တင်ဆောင်ရွက်ပေးရန်လိုအပ်သည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ ပြည်ပပို့ကုန် ဈေးကွက်ဝင်သီးနှံများ ပိုမိုတင်ပို့နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agriculture Practices-GAP) စံချိန်စံညွှန်းနှင့်အညီ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
တောင်သူများ စိုက်ပျိုးသီးနှံထုတ်လုပ်ရာတွင် လွတ်လပ်စွာစိုက်ပျိုးဆောင်ရွက်နိုင်စေရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သောအရင်းအနှီးငွေကြေးများ၊ နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးပေးနိုင်ရေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများကို အရည်အသွေးမီ စနစ်တကျသုံးစွဲနိုင်စေရေး၊ သီးနှံဈေးနှုန်း၊ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူများထံသို့ အချိန်မီရောက်ရှိစေရေး၊ လယ်ယာထုတ်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းရရှိစေရေး၊ ကုန်သွယ်ဖက် နိုင်ငံများမှ တင်သွင်းခွင့်ခွဲတမ်းများ စဉ်ဆက်မပြတ်ရရှိစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးကူညီပေးရေးတို့ကို ဆောင်ရွက်ပေးရန်လိုအပ်သည်။
လယ်ယာထွက်ကုန်များ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၂၄ ရက်က ကျင်းပပြုလုပ်သော “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု လွယ်ကူချောမွေ့မှုမြှင့်တင်ခြင်းစီမံကိန်း” ၏ သုတေသနရလဒ်များမျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားသည် တောင်သူများအတွက် အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်ကချမှတ်ထားသည့် ပို့ကုန်နှစ်ဆမြှင့်တင်ရေး လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုမြှင့်တင် ခြင်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပို့ကုန်အလားအလာအရှိဆုံး သီးနှံများဖြစ်သည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများကို သုတေသနပြုလေ့လာဆောင်ရွက်မည်ဖြစ်သည်။
ပြည်ပသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချရာတွင် ပန်းတိုင်အထွက် နှုန်းပြည့်မီရေး၊ သီးနှံအရည်အသွေးပြည့်မီရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများကင်းစင်ရေးသည် အရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည်။ လတ်တလောတွင် ပြည်ပသို့ လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်မှုကြောင့် ဈေးကွက်အဟန့်အတားဖြစ်စေသည့် ဖြစ်စဉ်များရှိခဲ့သည်။ စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာ ဘေးကင်းလုံခြုံရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ပြည်ပလယ်ယာထွက်ကုန် ပို့ကုန်များနှင့်ပတ်သက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးအကဲဖြတ်သောကြောင့် အရည်အသွေးမမီမှုကို အလွယ်တကူသိရှိနိုင်ပြီး ပို့ကုန်ဈေးကွက်တွင် အခက်အခဲဖြစ်စေသည်။
လယ်ယာထွက်ကုန်များ မြှင့်တင်ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သလို တစ်ဖက်တွင် ပြည်ပဈေးကွက်တွင် အဆင်ပြေချောမွေ့စေရေးနှင့် သီးနှံများတွင် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသော ပိုးသတ်ဆေးဓာတ်ကြွင်း များပါဝင်နေမှုတို့ကို ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေးဓာတ်ကြွင်းများ လျော့ကျကင်းစင်လာစေရေး အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်သည်။ စိုက်ပျိုးရေးဝန်ထမ်းများ၊ ပိုးသတ်ဆေးရောင်းချသည့်ကုမ္ပဏီများ၊ ပို့ကုန်လိုင်စင်ရ ကုမ္ပဏီများနှင့် စိုက်ပျိုးရေးပညာရှင်များက အလေးထားဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များကို နှစ်ဆမြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာက သတ်မှတ်ထားသောစံချိန်စံညွှန်းများနှင့်အညီ ဈေးကွက်သုတေသန လုပ်ငန်းများမှ တွေ့ရှိချက်များကို ထိရောက်စွာအသုံးချ၍ စိုက်ပျိုးရေးထုတ်ကုန်များ နှစ်ဆတိုးထုတ်လုပ်ပြီး စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုလွယ်ကူချောမွေ့မှုရှိအောင် မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3525 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
