လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန် - နေပြည်တော် - ရန်ကုန်ခရီးစဉ်နှင့် မန္တလေး - နေပြည်တော် - မန္တလေး ခရီးစဉ် ချိတ်ဆက်ပြေးဆွဲမည်
လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန် - နေပြည်တော် - ရန်ကုန်ခရီးစဉ်နှင့် မန္တလေး - နေပြည်တော် - မန္တလေး ခရီးစဉ် ချိတ်ဆက်ပြေးဆွဲမည်
Ministry of Information/ Naypyitaw / February 26, 2025

နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာရာ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၈) အစုန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင် ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။
ခေတ်မီ DEMU ရထားတွင် ခရီးသည် ၃၃၀ လိုက်ပါစီးနင်းနိုင်မည်
အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ စတင်ပြေးဆွဲမည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း လေးတွဲ၊အထက်တန်း နှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော် - မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်း လေးတွဲ၊ အထက်တန်း နှစ်တွဲ စုစုပေါင်း တွဲဆိုင်း ခြောက်တွဲဖြင့် ခရီးသည် ၃၃၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။
လက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ်အတွက် အမှတ် (၇)အဆန်/ (၈)အစုန် လေအေးပေး စက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀နှင့် မန္တလေး - နေပြည်တော်၊ နေပြည်တော် - မန္တလေး ခရီးစဉ်အတွက် အမှတ် (၂၇) အဆန်/ (၂၈)အစုန် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။
လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်
ခရီးသည်များအနေဖြင့် ရန်ကုန် - မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်သည်။
ခရီးသည်များအနေဖြင့် အဆိုပါ လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန် - နေပြည်တော် - ရန်ကုန်လမ်းပိုင်းတွင် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားပြေးဆွဲချိန်သည် ငါးနာရီခွဲကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်

Newspaper - 3230 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။
