လေးပါးသောအဓိပတိတရားဖြင့် အားလုံးအတူတကွကြိုးပမ်းစွမ်းဆောင်


Ministry of Information/ Naypyitaw / April 09, 2026
image_latest


ယနေ့သည် မကြာမီကာလအတွင်း ခုတ်မောင်းလည်ပတ်ရတော့မည့် နိုင်ငံတော်ယန္တရားသစ်ကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်ဆင်ဖွဲ့စည်းနေသည့် အချိန်ကာလဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားအစိတ်အပိုင်း အသီးသီးတို့ ရုပ်လုံးပေါ်စပြုလာပြီဖြစ်သည်။ သင်္ကြန်အလွန် မြန်မာနှစ်သစ်ဦးတွင်မူ မိမိတို့အားလုံး လူသစ်၊ စိတ်သစ်၊ အားမာန်သစ်၊ အတွေးအမြင်သစ်၊ ရှုမျှော်မှုအသစ်တို့ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တက်ညီလက်ညီ တည်ဆောက်ကြရတော့မည်ဖြစ်သည်။

နိုင်ငံတော်သစ်ကို တည်ဆောက်ခြင်းဟူသည် ဖွံ့ဖြိုးတိုးတက်မှုလေးလံနှေးကွေးနေသည့် အခြေအနေ၊ နိမ့်ကျသည့် အခြေအနေမှ ရုန်းထကာအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်သည့် အခြေအနေသို့ ရောက်ရှိလာအောင် ပြုလုပ်စွမ်းဆောင်ကြရခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်ရာတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန့်ကျင်သည့်၊ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အရာဟူသမျှတို့ကို ရှင်းလင်းဖယ်ရှားကြရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သော အခြေအနေများ ရှိလာစေရန်လည်း ဖန်တီးကြရမည်ဖြစ်သည်။ ဤကဲ့သို့ ဖန်တီးရာတွင်လည်း နိုင်ငံတွင် ပကတိအားဖြင့် တည်ရှိဖြစ်ပေါ်နေသည့် ကောင်းမွေဆိုးမွေတို့ကို ဆက်ခံ၍ ဆောင်ရွက်ကြရခြင်းဖြစ်ရာ အစိုးရသစ်နှင့် ပြည်သူတို့အဖို့ စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သလို အခွင့်အလမ်းများကိုလည်း အရအမိဆုပ်ကိုင်ရယူကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြီးမားလှသည့် လူလုပ်ဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်တွေ့ကြုံခဲ့ရပြီး နိုင်ငံ၏ လူသားအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်၊ သယံဇာတအရင်းအမြစ်များစွာ ထိခိုက်ဆုံးရှုံးခဲ့ရသည်။ ပြည်တွင်းဒေသအနှံ့အပြားတို့တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန့်ကျဲရှိနေဆဲဖြစ်ပြီး နိုင်ငံရေးကို အကြောင်းပြကာ လက်နက်ဖြင့် အကျိုးစီးပွားရှာဖွေသည့် ပုံစံသို့ ပြောင်းလဲလာနေကြသည်။ ၎င်းတို့၏ အဖျက်လုပ်ရပ်များကြောင့် နိုင်ငံတော်က ပြည်သူများ၏ အကျိုးစီးပွားအတွက် နှစ်ကာလကြာရှည်စွာ တည်ဆောက်ခဲ့ရသော အခြေခံအဆောက်အအုံများစွာ ပျက်စီးသွားခဲ့ရသည်။ ထို့အပြင် မြင်အပ်မမြင်အပ် အဖျက်အမှောင့်အင်အားစုများစွာတို့ကလည်း မိမိတို့၏ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဗြဟ္မစိုရ်တရားများ ပျက်ပြားလာစေရန်၊ စည်းလုံးညီညွတ်မှု ပြိုကွဲစေရန်၊ အမုန်းတရားများ ဖြစ်ပေါ်လာစေရန်၊ လူ့အဖွဲ့အစည်းပျက်စီးစေရန်ရည်ရွယ်၍ လူမျိုးရေး၊ ဘာသာရေးအပါအဝင် ဘက်ပေါင်းစုံမှ သပ်လျှိုသွေးထိုးမှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်နေကြသည်။

နိုင်ငံ၏ အနာဂတ်တွင် ဆက်လက်ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများအနက် သဘာဝဘေးအန္တရာယ်များမှာမူ ကြိုတင်ပြင်ဆင်ကာကွယ်မှုများ ပြုလုပ်ခြင်း၊ မြန်မာ့လူ့အဖွဲ့အစည်းကို ဘေးဒဏ်အန္တရာယ်များ ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ခိုင်မာသော လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ခြင်းတို့ဖြင့် ဆက်လက်ရင်ဆိုင်သွားကြရမည်ဖြစ်သည်။ လူလုပ်ဘေးအန္တရာယ်များဖြစ်သည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းမှုများကိုမူ တစ်ဖက်တွင် ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးထားပြီး တစ်ဖက်တွင် တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်း၍ ပြတ်သားစွာ ချေမှုန်းရန်ပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးတွင် မြေပေါ်မြေအောက် အဖျက်ရန်ကာကွယ်ရေးသည် မဖြစ်မနေလိုအပ်သည့်အလျောက် ပြည်သူလူထုပါဝင်မှုအားကိုယူ၍ အဖျက်သမားများကို ရှာဖွေဖော်ထုတ်ချေမှုန်းဖယ်ရှားကြရမည်ဖြစ်သည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသည် ပိုမိုထိရောက်သော ဦးဆောင်မှု တာဝန်များကို ရယူဆောင်ရွက်ခြင်း၊ အဆောက်အအုံပိုင်းနှင့် ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆပိုင်းဆိုင်ရာများ ပြောင်းလဲရန်လိုအပ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးအားကောင်းစေခြင်း၊ နိုင်ငံအရေးအရာများတွင် ပြည်သူလူထုပါဝင်မှု ပိုမိုတိုးမြင့်စေခြင်း၊ အမျိုးသားစုစည်းမှု (national integration) ပိုမိုခိုင်မာအားကောင်းစေခြင်းတို့ လိုအပ်သည့်အလျောက်နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများတွင် ပြည်သူများက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်တွင်းအင်အားသည် အဓိက၊ ပြည်တွင်းအင်အားသည်သာ အချက်အချာဖြစ်ရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့၏ တစ်သွေးတည်းတစ်သားတည်းသော စည်းလုံးညီညွတ်မှုစွမ်းအား၊ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ လေးပါးသော အဓိပတိတရားတို့ဖြင့် မိမိတို့အားလုံး အတူတကွကြိုးပမ်းစွမ်းဆောင်သွားကြရပါမည့်အကြောင်း။

Newspaper - 3513 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download