လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Ministry of Industry/ Ministerial Office / February 03, 2025
နေပြည်တော်၊ ဇန်နဝါရီ (၂၄)
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းရှိ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်မှ Virtual စနစ်ဖြင့် တက်ရောက်သည်။ ထို့ပြင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူး၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် စက်မှုဝန်ကြီးဌာနအနေဖြင့် ယခုသင်တန်းကို လျှပ်စစ်နှင့်ပတ်သက်သည့် အခြေခံသဘောတရားများ၊ လျှပ်စစ်ဥပဒေ၊ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ကဏ္ဍသည် မရှိမဖြစ်အရေးပါသည်နှင့်အညီ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံကြွယ်ဝသည့် လျှပ်စစ်အင်ဂျင်နီယာများ၊ လျှပ်စစ်ကျွမ်းကျင်သူများ ပေါ်ထွက်လာရေးသည်လည်း အရေးကြီးဖြစ်သဖြင့် လူ့စွမ်းအားမြှင့်တင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့် ကိုယ်တိုင်အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သုံးစွဲသူများ အန္တရာယ်ကင်းရှင်းစေရေးကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များကို လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် သတ်မှတ်ဖော်ပြထားကြောင်း၊ သင်တန်း၌ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ပို့ချခဲ့သော်လည်း အချိန်အတိုင်းအတာအရ ပြီးပြည့်စုံရန် မလွယ်ခြင်းကြောင့် သင်တန်းပြီးဆုံးသွားသော်လည်း ဆက်လက်လေ့လာသွားကြရန်လိုကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ စက်ရုံအလုပ်ရုံများတွင်လည်း ခေတ်မီနည်းပညာများဖြင့် အရည်အသွေးမြင့်သော စက်ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုထုတ်လုပ်နေပြီဖြစ်သည့်အတွက် လျှပ်စစ်အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများသည် နည်းပညာကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်မြင့်မားလာရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ အရင်းအမြစ်များအရေးပါသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အလွန်အရေးကြီးကြောင်း၊ သင်တန်းဆင်း သင်တန်းသား/ သင်တန်းသူများအနေဖြင့် နိုင်ငံတော်အတွက် အထောက်အကူဖြစ်ရုံသာမက နိုင်ငံတကာတွင် ရင်ဘောင်တန်းပြီး လုပ်ငန်းဆောင်ရွက်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် ဝန်ထမ်းကောင်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်ပြင်ဆင်ခြင်းနှင့် တပ်ဆင်ခြင်းများဆောင်ရွက်ကြသည့် လျှပ်စစ်ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြရန် ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းများကို ၁၉၉၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ သင်တန်း(၄၉)ကြိမ်ဖွင့်လှစ်၍ လျှပ်စစ်ကျွမ်းကျင်သူ (၃၈၉၉)ဦး လေ့ကျင့်သင်ကြားမွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၄)သင်တန်းတွင် အခြေခံလျှပ်စစ်၊ လျှပ်စစ်တိုင်းတာရေးမီတာများ၊ အခြေခံ အီလက်ထရောနစ်၊ လျှပ်စစ်ပတ်လမ်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မြေစိုက်ကြိုးနှင့် မိုးကြိုးလွှဲ၊ လျှပ်စစ်ဝါယာများ၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ လျှပ်တာပြောင်းအခြေခံ၊ အေစီ-ဒီစီ မော်တာများ၊ အေစီ-ဒီစီ မော်တာများ (မော်တာနှိုးခလုတ်)၊ ဓာတ်အားခွဲရုံနှင့် ကောင်းကင်ဓာတ်အားလိုင်းအကြောင်း သိကောင်းစရာများ၊ လျှပ်စစ်ကြိုးသွယ်တန်းပြီး စစ်ဆေးခြင်းနှင့် မြေဓာတ်ချစစ်ဆေးခြင်း၊ ရုတ်ချည်းဗို့အားမြှင့် ထိန်းချုပ်ရေးကိရိယာ၊ လျှပ်စစ် သွယ်တန်းတပ်ဆင်ရာတွင်လိုက်နာရမည့်အချက်များ၊ ဓာတ်လှေကား၊ စက်လှေကားတို့၏ အခြေခံသဘောတရားများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် အထွေထွေဗဟုသုတ၊ လျှပ်စစ်သွယ်တန်းတပ်ဆင်မှု၏ အကျိုးနှင့်အပြစ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အေစီ-ဒီစီ လျှပ်ထုတ်စက်၊ လျှပ်စစ်ဥပဒေနှင့် လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ် စစ်ဆေးရေးဌာနအကြောင်း သိကောင်းစရာများစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့အထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Newspaper - 3065 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download