လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 17, 2025

နေပြည်တော် ဇွန် ၁၆
လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Vitual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ လျှပ်စစ်စစ်ဆေးရေးမှူးများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် ဆိုလာဓာတ်အားပေးစနစ်နှင့် ပတ်သက်၍ ဗဟုသုတများ၊ နည်းပညာများကို အခြေခံအားဖြင့် သိရှိနိုင်ရန် သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ခြင်းဖြင့် လျှပ်စစ်လုပ်ငန်းဆောင်ရွက်နေသူများအား လျှပ်စစ်လုပ်ငန်းအတွေ့အကြုံ၊ လျှပ်စစ်ဆိုင်ရာ ဗဟုသုတပိုမိုရရှိလာစေခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို သိရှိနားလည်လာခြင်းဖြင့် လျှပ်စစ်လုပ်ငန်းဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းလာစေခြင်း၊ တိုင်းတာရေးမီတာများနှင့် လျှပ်စစ်သုံးပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုတတ်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်ကြောင်း၊ သင်တန်းမှပို့ချသော စာတွေ့၊ လက်တွေ့ များကိုသာမက လုပ်ငန်းခွင်အတွင်းမှ အတွေ့အကြုံများကိုယူ၍ ပိုမိုတိုးတက်သည့် အသိပညာ၊ နည်းပညာများ ရှိလာစေရန် မိမိအရည်အသွေးတိုးတက်အောင် ဆောင်ရွက်နေကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။
လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ဇွန် ၁၆ ရက်မှ ဩဂုတ် ၈ ရက်အထိ ရက်သတ္တ ရှစ်ပတ်ကြာဖွင့်လှစ်၍ ဘာသာရပ် ၂၁ မျိုးကို လက်တွေ့လျှပ်စစ်လုပ်ငန်းခွင်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာနှင့် စစ်ဆေးရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသည့် လျှပ်စစ်စစ်ဆေးရေးဌာနမှ စစ်ဆေးရေးမှူးများ၊ စစ်ဆေးရေးဝန်ထမ်းများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3196 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။
