လျှပ်စစ်စွမ်းအင်ကဏ္ဍမြင့်မားရေး ဆိုလာဓာတ်အားပေးစနစ် မြှင့်တင်
လျှပ်စစ်စွမ်းအင်ကဏ္ဍမြင့်မားရေး ဆိုလာဓာတ်အားပေးစနစ် မြှင့်တင်
Ministry of Information/ Naypyitaw / April 28, 2026
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စက်မှုလုပ်ငန်းများ၊ MSME များ ထူထောင်ရေး၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန်လိုသည်။ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် ရေအားလျှပ်စစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး အခြားပြန်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မိမိတို့နိုင်ငံတွင် လိုအပ်နေသေးသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍ မြှင့်တင်ရေးကိုဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များဖြင့် လုပ်ဆောင်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားပြီး နိုင်ငံတော်တော်များများတွင် ဆိုလာစနစ်အောင်မြင်နေပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် များစွာအားနည်းနေသေးကြောင်း၊ မိမိတို့နိုင်ငံ အလယ်ပိုင်းတွင် နေရောင်ခြည်ကို တစ်နှစ်မှာ ရက် ၃၀၀ ခန့် ပြည့်ပြည့်ဝဝရရှိကြောင်း၊ မိုးများသည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာပင်လျှင် ရက် ၂၅၀ ခန့် နေရောင်ခြည်ရနိုင်ကြောင်း၊ ထို့ကြောင့် အိမ်သုံးကအစ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးအတွက် မြစ်ရေတင်လုပ်ငန်းစသည်တို့တွင် ဆိုလာဓာတ်အားပေးစနစ်ကို ပြောင်းလဲသုံးစွဲနိုင်ကြမည်ဆိုပါက ဓာတ်အားလိုအပ်ချက်ကို များစွာဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မီးစက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မဂ္ဂါဝပ် ၂၀၀၀ ထုတ်လုပ်နိုင်သည့် ဆိုလာဓာတ်အားပေးစနစ်ကို အစားထိုးအသုံးပြုခြင်းဖြင့် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ရည်နှင့် ဒီဇယ်ဆီတင်သွင်းမှုအတွက် ကုန်ကျသည့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် သက်သာစေကြောင်း တွေ့ရှိရသည်ဟု သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ လက်ရှိမိမိတို့နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၈ ရုံ စုစုပေါင်း တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိသည်။ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ၄ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ခု၊ ရှမ်းပြည်နယ်တွင် ၁ ခု စုစုပေါင်းတပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိသည်။ ဆောင်ရွက်ဆဲ Hybrid (Gas Engine+ Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁ ခုနှင့် မကွေးတိုင်းဒေသကြီးတွင် ၁ ခု စုစုပေါင်း တပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ် ရှိသည်။ သို့ဖြစ်ရာ တည်ဆောက်ဆဲဆိုလာနှင့် Hybrid စီမံကိန်းများ၏ စုစုပေါင်းတပ်ဆင်အင်အား ၁၀၂၆ မဂ္ဂါဝပ်ရှိသည်။
မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲအတွင်း နေရောင်ခြည်စွမ်းအင်အလားအလာ အများဆုံးတိုင်းပြည်ဖြစ်သော်လည်း နေရောင်ခြည်စွမ်းအင်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ လွန်စွာနည်းပါးနေသေးသည်။ မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား တစ်နှစ်လျှင် ၅၁၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ (TWh/year) ထုတ်လုပ်နိုင်သည်ဟု ပြည်ပကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်ကို ထိထိရောက်ရောက် အသုံးချနေကြသည်။ စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများ စသည်တို့တွင် နေရောင်ခြည်စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုနေကြသကဲ့သို့ လူနေအိမ်များတွင်လည်း တစ်ပိုင်တစ်နိုင် အိမ်သုံးအဖြစ် တပ်ဆင်အသုံးပြုနေကြပြီး ပိုလျှံသည့်ဓာတ်အားကိုပင် ပြန်လည်ရောင်းချနိုင်ကြသည်ဟူ၍ သိရသည်။
တစ်ပိုင်တစ်နိုင် အိမ်သုံးဆိုလာဓာတ်အားပေးစနစ်ကို တပ်ဆင်ရာတွင် ကနဦးကုန်ကျစရိတ်မြင့်မားခြင်းက အဓိကအတားအဆီးတစ်ရပ်ဖြစ်သည်။ အကျိုးအမြတ်အနေဖြင့် ကြည့်မည်ဆိုပါက ရေရှည်တွင် ဓာတ်အားအတွက် ကုန်ကျစရိတ်မှာ များစွာလျော့နည်း သက်သာစေသည့်အတွက် တွက်ခြေကိုက်သည်။ စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင်အသုံးပြုမှုအတွက် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ရင်းနှီးမြှုပ်နှံသင့်သည်။ အိမ်သုံးအတွက်မူ ငွေကြေးအခက်အခဲရှိသူများအတွက် အရစ်ကျစနစ်၊ အတိုးနှုန်းသက်သာသော ချေးငွေစနစ်များဖြင့် ဆိုလာဓာတ်အား သုံးစွဲမှုကို မြှင့်တင်နိုင်သည်။ နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကဏ္ဍ မြှင့်တင်ရေးအတွက် နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ကြရပါမည့်အကြောင်း။ ။
Newspaper - 3509 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
