လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 08, 2025

နေပြည်တော် ဇွန် ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့ရှိ ရုံးဌာနများ၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများသည် နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ တက်ရောက်ခဲ့ကြပြီး အလားတူတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးဌာနများတွင်လည်း ဌာနတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူရာတွင် အခက်အခဲမရှိစေရေးတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိဘများကလည်း မိမိတို့သားသမီးများအား ကျောင်းနေမြဲရေးနှင့် ကျောင်းပညာပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးအတွက် အမြဲမပြတ်စည်းရုံး ဆောင်ရွက်နေရမည်ဖြစ်ပြီး ခေတ်နှင့်အညီ တိုးတက်မှုရှိရေး ဦးတည်ဆောင်ရွက်နေသည့် အခြေခံပညာရေးစနစ်၏ အကောင်အထည်ဖော်မှုအခြေအနေများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက မူလတန်းနှင့် မူကြိုကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများကို လည်းကောင်း ထောက်ပံ့ပေးအပ်သည်။
အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရုံးဌာနအသီးသီးတွင်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေးအပ်ကြသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့်ကော်ပိုရေးရှင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သားသမီးများမှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်ကျောင်းသား ကျောင်းသူနေပြည်တော်တွင် ၁၀၉၆ ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၁၁၂၃၅ ဦး စုစုပေါင်း ၁၂၃၃၁ ဦးအတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ဗဟိုသင်တန်းကျောင်းအတွင်းရှိ စာသင် ဆောင်များ၊ အိပ်ဆောင်များနှင့် ယာယီရွက်ဖျင်တဲများအတွင်း ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေရာချ ထားမှု၊ နေထိုင်စားသောက်မှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာသုံးစွဲနိုင်ရန်နှင့် လုံခြုံစွာနေထိုင်နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေတို့ကို အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံအတွင်း ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေရာချထားနိုင်ရန်အတွက် ပေ (၂၀ x ၂၀) အရွယ်အစားရှိ Container House များ တပ်ဆင်တည်ဆောက်ပြီးစီးမှု၊ လက်ရှိတပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေရရှိရေး၊ မီးရရှိရေး၊ သန့်စင်ခန်းများနှင့် မီးဖိုဆောင်များ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3187 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download