လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 22, 2025

နေပြည်တော် ဇွန် ၂၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ရာသီဥတုမှန်ကန်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင်ကျွန်းပင် ၉၅၀ ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်းစိုက်ပျိုးကြသည်။
၁၁၇၁၅ ပင် စိုက်ပျိုးခဲ့
အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှုအောက်မှ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ ဓာတ်အားပေးစက်ရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ချိန်တည်းတစ်ပြိုင်တည်းကျင်းပ၍ ရတနာတန်းဝင် ကျွန်းပင် ၁၂၈၉ ပင်၊ နှစ်ရှည်သီးနှံပင် ၅၉၂၃ ပင်၊ နှစ်ရှည် ပန်းပင် ၁၄၀၇ ပင်၊ အရိပ်ရလေကာပင် ၂၁၄၆ ပင် စုစုပေါင်း ၁၀၇၆၅ ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်းနှင့် ယနေ့တွင် ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်း ၁၁၇၁၅ ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3201 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download