လွတ်လပ်ခွင့်ကို မှန်ကန်စွာအသုံးချ ငြိမ်းချမ်းသောအနာဂတ်ကို ပုံဖော်


Ministry of Information/ Naypyitaw / May 06, 2026
image_latest


၂၀၂၆ ခုနှစ် မေလ ၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့(World Press Freedom Day) အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံများတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါသည်။ အဆိုပါအထိမ်းအမှတ်အခမ်းအနားကို သတင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အလေးအနက်ပြုရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံများကကျင်းပကြရာ လက်ရှိအခြေအနေ အချိန်အခါနှင့်ကိုက်ညီသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံများက ဆောင်ရွက်ကြသည်။

အဆိုပါနေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အဆိုးရွားဆုံးအဆင့်တွင် ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနှင့်ဗြိတိန် နိုင်ငံဆိုင်ရာသံရုံးက သတင်းထုတ်ပြန်ခဲ့သည်ကို ကြားသိရသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၀ တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၆၆ တွင်ရှိနေသည်ဟု စွပ်စွဲပြောကြားထားပြီး ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသည် အဆင့် ၁၃၉ တွင်ရှိသော်လည်း လက်ရှိတွင် မီဒီယာလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံ ၂၀ စာရင်းတွင် ထည့်သွင်းထားသည်။ အဆိုပါသတ်မှတ်ချက်မှာ နိုင်ငံရေးအရ လိုရာဆွဲပြီး စွပ်စွဲသတ်မှတ်ထားခြင်းသာဖြစ်သည်။ ဒီမိုကရေစီ နည်းလမ်းတကျ၊ သတင်းစာပညာစံနှုန်းများအရ သွေဖည်နေသည်ကိုတွေ့ရသည်။

ဒီမိုကရေစီနှင့် သတင်းမီဒီယာ၊ ဒီမိုကရေစီနိုင်ငံနှင့် လွတ်လပ်သောသတင်းသမားသည် အမြဲဒွန်တွဲလျက်ရှိသည်။ ဒီမိုကရေစီသည် လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့်တရားမျှတမှုကို ဦးထိပ်ပန်ဆင်ထားသည်။ ဒီမိုကရေစီနှင့်လွတ်လပ်မှုသည် ဒွန်တွဲသည်ဆိုသော်လည်း လွတ်လပ်မှုတစ်ခုတည်းကို တန်ဖိုးထားခြင်းမဟုတ်ဘဲ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို တန်ဖိုးထားရမည်ဖြစ်သည်။ ကုလသမဂ္ဂနိုင်ငံ တကာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်-၁၉ တွင် လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ သို့ရာတွင် ထိုအခွင့်အရေးသည် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် တစ်ခုတည်းမဟုတ်ဘဲ လက်ခံနားထောင်သူ၏ အခွင့်အရေးများနှင့် အချို့သော တာဝန်ယူမှုများကိုလည်း ထည့်သွင်းသတ်မှတ်ထားသည်။ ဒီမိုကရေစီမီဒီယာများအနေဖြင့် တိကျမှု၊ ဟန်ချက်ညီမှု၊ မျှတမှု၊ တစ်ပါးသူကို လေးစားမှုစသည့် တာဝန် များရှိသည်ဟု ဖော်ပြထားသည်။

မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံများသာမက မြန်မာနိုင်ငံတွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော၊ တာဝန်မဲ့သော၊ ကျင့်ဝတ်နှင့်မညီသော မမှန်ကန်သော သတင်းဖြန့်ချိမှုများ ပြန့်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ သတင်းမှားများသည် ဒီမိုကရေစီစနစ်ကိုသော်လည်းကောင်း၊ နိုင်ငံ၏ တည်ငြိမ်မှုကိုသော်လည်းကောင်း ထိပါးနေသည်ကိုတွေ့နိုင်သည်။ မီဒီယာလက်နက်ဖြင့် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေး၊ အေးချမ်းသာယာရေး၊ တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်သကဲ့သို့ နိုင်ငံပျက်သုဉ်းရေး၊ စစ်မက်ဖြစ်ပွားရေးတို့ကို မီဒီယာလက်နက်ဖြင့်ပင် ဖျက်ဆီးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ယနေ့နိုင်ငံအများစုတွင် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများပါဝင်သည့် မီဒီယာအဆိပ်သင့်မှုများ ကြုံတွေ့ခံစားနေရသည်။ မီဒီယာ၏ အဓိကကဏ္ဍမှာ အစိုးရနှင့်ပြည်သူအကြား တိုက်ရိုက်ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည်။

နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားကို ရှေးရှုကာ မှန်ကန်သောသတင်းများကို ကျင့်ဝတ်နှင့်အညီ ဖော်ထုတ်ရန်လိုအပ်သလို ပြည်သူလူထု၏ သဘောထားကို ပုံဖော်ရာတွင်လည်း အပြုသဘောဆောင်သည့် သဘောထားများ၊ မှတ်ချက်များနှင့် ဖြန့်ဝေဖော်ထုတ်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို မှန်မှန်ကန်ကန် စနစ်တကျကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ်တည်ဆောက်ရန် ဆောင်ရွက်နေသည်။ ဒီမိုကရေစီလူ့အဖွဲ့ အစည်းတွင် ဥပဒေအရ လွတ်လပ်စွာရေးသားဖော်ထုတ်ပြောဆိုနိုင်ခွင့်များ ရရှိမည်ဖြစ်သကဲ့သို့ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်နှင့်ဖွံ့ဖြိုးတိုးတက်မှုများလည်း မရှိမဖြစ်လိုအပ်မည်ဖြစ်သည်။ ယင်းလိုအပ်ချက်များကို လိုက်လျောညီထွေရှိရှိ ဟန်ချက်ညီညီ မျှမျှတတဆောင်ရွက်ပေးရန်လိုသည်။

ယနေ့ကာလတွင် နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးအုပ်စုများက ဒီမိုကရေစီအသွင်ကူးပြောင်းစဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူအသုံးချလာကြသည်။ နိုင်ငံနှင့်ပြည်သူကို မျက်ကွယ်ပြုပြီး ၎င်းတို့လိုလားသည့်အတိုင်း ပုံဖော်သွတ်သွင်းထုတ်လွှင့် ဖော်ပြနေသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုးရွားဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေကြသည်။ ယခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်မှာ “Shaping a Future at Peace” “ငြိမ်းချမ်းသော အနာဂတ်ကို ပုံဖော်ခြင်း”ဟု သတ်မှတ်ထားသည်။

သို့ဖြစ်ရာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်နှင့်အညီ မီဒီယာများ အနေဖြင့် အမြင့်ဆုံးဖြစ်သော ပရော်ဖက်ရှင်နယ် ကျင့်ဝတ်စံနှုန်းများကို ထိန်းသိမ်းလိုက်နာပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားများကိုရှေးရှု၍ ငြိမ်းချမ်းသောအနာဂတ်ကို ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။   ။

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download