သတ္တဝါများအားလုံး ရှင်သန်ဖွံ့ဖြိုးရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေး


Ministry of Information/ Naypyitaw / June 06, 2025
image_latest


မျက်မှောက်ကာလတွင် သက်ရှိများအားလုံး ရှင်သန်ဖွံ့ဖြိုးနေသော ဤကမ္ဘာလောကကြီးတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ယိုယွင်းပျက်စီးမှုများကြောင့် သက်ရှိအရာများ ပျက်သုဉ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ညစ်ညမ်းပျက်စီးယိုယွင်းမှုများအားလုံးနီးပါးသည် လူသားများ၏ မဆင်မခြင်ပြုလုပ်ခြင်းကြောင့် ဖြစ်ရသည်ကို အများဆုံးတွေ့ရသည်။ သက်ရှိအားလုံး ရှင်သန်ဖွံ့ဖြိုးနေသည့် ဂေဟစနစ်ကြီးအားကောင်းမှသာ သာယာလှပသည့်ကမ္ဘာကြီးအဖြစ် အဓွန့်ရှည်မည် ဖြစ်သည်။

လူသားတို့၏ အတ္တ၊ လောဘ၊ ဒေါသများကြောင့် ဤကမ္ဘာကြီးမှာ တစ်စတစ်စ ယိုယွင်းပျက်စီးလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးကို လူသားများအားလုံး ထိန်းသိမ်းစောင့်ရှောက်စေရန် ရည်ရွယ်၍ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ ကုလသမဂ္ဂကကြီးမှူး၍ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာပေါ်ရှိနိုင်ငံများအားလုံး ပူးပေါင်းပြီး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ရန် ပထမဆုံးအကြိမ် လူသားပတ်ဝန်း ကျင်ညီလာခံကြီးကို ကျင်းပခဲ့သည်။ အဆိုပါညီလာခံကျင်းပသည့်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံများတွင် အခမ်းအနားများ နှစ်စဉ်ကျင်းပလျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကြောင်းရင်းများတွင် စစ်ပွဲများ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှုများ၊ ကိုယ်စီအသိစိတ်ဓာတ် အားနည်းမှုများကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာကြီးတွင် အချင်းချင်းရန်လိုမုန်းထားစိတ်များဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်းကြောင့် ပတ်ဝန်းကျင်ပျက်စီးပြီး လူသားများအပြင် သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်လျက်ရှိသည့်ဂေဟစနစ်များ ပျက်သုဉ်းခဲ့ရသည်။

ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုပြဿနာတစ်ရပ်မှာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာ ဖြစ်သည်။ ယခုအခါ လူသားများ၏ အသုံးအဆောင်ပစ္စည်းများအားလုံးနီးပါးမှာ ပလတ်စတစ်ပစ္စည်းများပါဝင်နေသည်။ တွင်ကျယ်လာသော ပလတ်စတစ်ကို လက်ငင်းအသုံးပြုမှုဦးစားပေးပြီး နောက်ဆက်တွဲဆိုးကျိုးများကို မေ့လျော့လျက်ရှိသည်။

လူသားတို့သည် ဈေးနှုန်းသက်သာခြင်း၊ ထုပ်ပိုးရာတွင် ပေါ့ပါးခိုင်ခံ့မှုရှိခြင်း၊ ရေစိုခံခြင်း၊ အနံ့အသက်မရှိခြင်း၊ ပြန်လည်အသုံးပြုနိုင်ခြင်း၊ တာရှည်အသုံးပြုနိုင်ခြင်း၊ အလွယ်တကူရရှိနိုင်ခြင်းနှင့် စွန့်ပစ်ရလွယ်ကူခြင်းတို့ကြောင့် ပလတ်စတစ် ပစ္စည်းများကို နေ့စဉ် ပိုမိုသုံးစွဲနေကြသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ကျော်ထုတ်လုပ်လျက်ရှိပြီး ၅၀ ရာခိုင်နှုန်းသည် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများဖြစ်သည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၁၀ ရာခိုင်နှုန်းကိုသာ ပြန်လည်ပြုပြင်အသုံးပြုနေကြသည်။ ကမ္ဘာတစ်ဝန်းတွင် တစ်မိနစ်လျှင် ပလတ်စတစ်ရေသန့်ဘူး တစ်သန်းကျော် သုံးစွဲစွန့်ပစ်နေပြီး တစ်နှစ်လျှင် တစ်ခါသုံးပလတ် စတစ်အိတ်ငါးထရီလီယံကျော် သုံးစွဲစွန့်ပစ်လျက်ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ပလတ်စတစ်အများစုသည် သဘာဝအရင်းအမြစ်များမှ ထုတ်လုပ်သုံးစွဲခြင်းဖြစ်၍ အလွန်အကျွံထုတ်ယူသုံးစွဲပါက သဘာဝအရင်းအမြစ်များ လျော့နည်းကုန်ခန်းစေသည်။ ယင်းတို့ကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို အဆိုးရွားဆုံးဖြစ်စေသည်။ မြေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ မြို့ပြသန့်ရှင်းမှုကိုထိခိုက်ခြင်းနှင့် လူတို့၏ကျန်းမာရေးကို ထိခိုက်ခြင်းစသည့် ထိခိုက်မှုအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ ပလတ်စတစ်သည် မြေဆီလွှာထဲတွင် နှစ်ပေါင်း ၅၀၀၊ ၁၀၀၀ ခန့်ကြာမှ ဆွေးမြည့်နိုင်ပြီး ကုန်းမြေတွင်စွန့်ပစ်ပါက ကုန်းနေသတ္တဝါများတွင် အစာခြေဖျက်မှုဆိုင်ရာ ပြဿနာများဖြစ်ကာ အသက် အန္တရာယ်ရှိနိုင်သည်။

မြေဆီလွှာပျက်စီးပြီး အပင်ကြီးထွားရှင်သန်မှုကို လျော့ကျစေသည်။ ရေတွင် စွန့်ပစ်ပါက ရေချိုသယံဇာတများညစ်ညမ်းစေပြီး ရေနေသတ္တဝါများနှင့် သယံဇာတများပျက်စီးစေသည်။ သုတေသနပြုချက်အရ တစ်နှစ်လျှင် ပလတ်စတစ်ကြောင့် ရေနေသတ္တဝါသေဆုံးမှု တစ်သိန်းကျော်ခန့်ရှိသည်ဟု သိရသည်။ လက်ရှိအခြေအနေ အတိုင်း ဆက်လက်စွန့််ပစ်နေပါက ၂၀၅၀ ပြည့်နှစ်တွင် သမုဒ္ဒရာအတွင်းရှိ ရေနေ သတ္တဝါစုစုပေါင်းထက် ပလတ်စတစ်အရေအတွက်က ပိုများလာမည်။ လူတို့အနေဖြင့် ပလတ်စတစ်အိတ်နှင့် ပန်းကန်ခွက်ယောက်များအသုံးပြုပါက အပူနှင့်ထိတွေ့ ပြီး ဓာတ်ပြုမှုလျင်မြန်စွာပြောင်းလဲကာ ကင်ဆာရောဂါဖြစ်စေသည့် ဓာတ်တစ်မျိုး ဖြစ်လာနိုင်သည်။

သို့ဖြစ်ရာ ကမ္ဘာကြီးသည် လူသားတို့၏ မဆင်မခြင်၊ အလွန်အကျွံပြုလုပ်မှုများကြောင့် ကမ္ဘာမြေကြီးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ပျက်စီးမှုများ ပိုမို ဖြစ်ပေါ်လာလျက်ရှိရာ လူသားများ၊ သက်ရှိသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားသောထိခိုက်မှုများ ဖြစ်ပေါ်လာနေပြီဖြစ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လူသားများအားလုံး အသိတရားဖြင့် ဝိုင်းဝန်းပါဝင်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။

Newspaper - 3534 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download