သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ဆောင်ရွက်ရန်လိုအပ်


Ministry of Information/ Naypyitaw / July 01, 2025
image_latest


၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ငါးနှစ်ကျော်ခန့်ကာလအတွင်း သေဆုံးသူစုစုပေါင်း ခုနစ်သန်းကျော်သည်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာပေါ်ရှိလူ့အဖွဲ့အစည်းကြီးတစ်ခု လုံးအသွားအလာ၊ အနေအထိုင်များကို ကန့်သတ်ကြရသည်။ ရပ်ဆိုင်းကြရသည်။ လူနေမှုပုံစံအသစ်ဖြင့် နေထိုင်ကြရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို စိုးရိမ်ကြောက်ရွံ့မှုကြီးစွာဖြင့် အလေးအနက်ထားဆောင်ရွက်ခဲ့ကြသော်လည်း ကမ္ဘာတစ်ခွင် နှစ်စဉ်လူဦးရေခုနစ်သန်းခန့် သေဆုံးနေရသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကို လူသားတို့ မေ့မေ့လျော့လျော့နှင့် ပေါ့ဆနေခဲ့ကြသည်။ အသံတိတ်လူသတ်သမားဟု တင်စားသည့် လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိလူသားတို့၏ ကျန်းမာရေးအတွက် အကြီးမားဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုဟု ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP)ကဆိုသည်။ လေထုညစ်ညမ်းမှုသည် သဘာဝကြောင့် ဖြစ်ပေါ်နေသလို လူတို့ကြောင့်လည်း ဖြစ်ပေါ်နေခြင်းဖြစ်ရာ ထိန်းချုပ်ရန်ခက်ခဲသည့်ပြဿနာတစ်ရပ်လည်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းလေထု ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်ရသည့် ကျန်းမာရေးပြဿနာများအတွက် သုံးစွဲရသည့် ကုန်ကျစရိတ် စုစုပေါင်းအမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ထရီလီယံရှိသည်ဟု ဆိုသည်။

လေထုညစ်ညမ်းမှုအပြင် ရေထုညစ်ညမ်းမှု၊ မြေဆီလွှာညစ်ညမ်း မှုနှင့် ဆူညံသံ၊ အလင်းရောင်၊ အပူ စသည့်ညစ်ညမ်းမှုများ၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ရေဒီယိုသတ္တိကြွညစ်ညမ်းမှု၊ ဓာတုညစ်ညမ်းမှု စသည့် အရေးကြီးသော ပတ်ဝန်းကျင်ညစ်ညမ်းမှု ပုံစံများလည်းရှိနေသည်။ ရာသီဥတုပြောင်းလဲမှုနှင့်အတူ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနှင့် လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံတွင် ဒေသမတည်ငြိမ်မှု၊ လက်နက်ကိုင်အကြမ်း ဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသအချို့တွင် တရားမဝင်သစ်များ ခုတ်လှဲထုတ်ယူမှု၊ ကျောက်မျက်ကျောက်စိမ်းတူးဖော်မှု၊ ရွှေ၊ မြေရှားနှင့် အခြားသတ္တုများ တရားမဝင် တူးဖော် ရောင်းချမှုများကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် အပေါင်းအပါ တရားမဝင် စီးပွားရေးအဖွဲ့အစည်းများက စည်းကမ်းမဲ့စွာ လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

၎င်းတို့၏စည်းကမ်းမဲ့လုပ်ရပ်များကြောင့် သစ်တောပြုန်းတီးမှု အမြောက်အမြားဖြစ်ပေါ်နေသကဲ့သို့ မြေဆီလွှာတိုက်စားမှု၊ မြေထုညစ်ညမ်းမှု၊ ရေအရင်းအမြစ်များ ပျက်စီးမှု၊ မြေနှင့်ရေအဆိပ်သင့်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း သိရသည်။ ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက် နစ်နာစေသည့်အပြင် စိုက်ပျိုးရေးနှင့် သောက်သုံးရန် ရေအခက်အခဲများကိုလည်း ဖြစ်ပေါ်စေသည်။ စင်စစ်သစ်ထုတ်လုပ်ခြင်း အပါအဝင် သဘာဝသယံဇာတများ ထုတ်ယူခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်သည့်အလျောက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီ ဆောင်ရွက်ကြရခြင်းဖြစ်သည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း လေထု၊ ရေထု၊ မြေထု အပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်ရခြင်း၏ အဓိက အကြောင်းရင်းတွင် လူကြောင့်ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုများက အများဆုံးဖြစ်ပြီး ယင်းမှဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများက လူအပါအဝင် သက်ရှိသတ္တဝါများအားလုံး တို့ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် လူသားတို့တွင် တာဝန်ရှိသည့်အားလျော်စွာ စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲခြင်း၊ သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် လူတိုင်းပါဝင်၍ စိတ်အားထက်သန်စွာ ဆောင်ရွက်ကြရပါမည့် အကြောင်း။ ။

Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download