သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာ စောင့်ကြည့်စို့


Ministry of Information/ Naypyitaw / March 23, 2026
image_latest


လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်အတွင်း ကမ္ဘာကြီး၏အပူချိန်မှာ ဆယ်စုနှစ်အလိုက် သိသိသာသာပူနွေးလာခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းက ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေပြီး ရာသီဥတုပြောင်းလဲလာမှုက လူတို့၏ရှင်သန်နေထိုင်မှုအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်။ ကမ္ဘာ့လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့များ ပမာဏများပြားစွာ ရောက်ရှိနေခြင်းကြောင့် လေထုပူနွေးကာ ထိုအပူစွမ်းအင်ကြောင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်။ ထို့အပြင် အပူလှိုင်းများ ကျရောက်ခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးခြင်း၊ ပြင်းထန်အားကောင်းသည့် မုန်တိုင်းများတိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ယခင်ထက်ပိုမို၍ပြင်းထန်ပြီး ယခင်ထက် အကြိမ်ရေ ပိုမိုများပြားစွာဖြစ်ပေါ်စေသည်။

ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် ရုပ်ကြွင်းလောင်စာများအသုံးပြုခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ မြေယာများကို အသုံးပြုမှု ပြောင်းလဲလာခြင်း စသည့် လူ့ပယောဂအကြောင်းရင်းများကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး ဆောင်ရွက်ရာတွင် ကမ္ဘာ့လေထုအတွင်း အပူကိုထိန်းထားသည့် Greenhouse Gases ခေါ် မှန်လုံအိမ်ဓာတ်ငွေ့များကို သိသာစွာလျှော့ချနိုင်ရန်လိုသည်။ ကမ္ဘာ့အပူချိန်ကို စက်မှုခေတ်မတိုင်မီကရှိခဲ့သည့် ပျမ်းမျှကမ္ဘာ့အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက်မပိုသော အခြေအနေတွင် ထိန်းထားရမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ မှန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်မှုကို ၂၀၅၀ ပြည့်နှစ်တွင် သုညအထိ ဖြစ်လာစေရန် ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် မှန်လုံအိမ်ဓာတ်ငွေ့ ၇၅ ရာခိုင်နှုန်းခန့်ကို စွမ်းအင်ကဏ္ဍမှ ထုတ်လွှတ်ခြင်းဖြစ်သည့်အတွက် ရုပ်ကြွင်းလောင်စာများ သုံးစွဲမှုကိုလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုခြင်းဖြင့် အနာဂတ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညအထိ လျော့ကျစေရန် မျှော်မှန်းနိုင်မည်ဖြစ်သည်။

မတ်လ ၂၃ ရက် (ယနေ့) တွင် ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့မိုးလေ၀သနေ့၏ ဆောင်ပုဒ်မှာ “သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာ စောင့်ကြည့်စို့” " Observing Today, Protecting Tomorrow" ဟူ၍ဖြစ်သည်။ ယခုနှစ်၏ ဆောင်ပုဒ်သည် ခေတ်မီ သိပ္ပံ၊ နည်းပညာနှင့် ကြိုတင်သတိပေးစနစ်များမှတစ်ဆင့် အသက်အိုးအိမ်များကို ကာကွယ်ရန်နှင့် အနာဂတ်တွင် ပိုမို၍ခံနိုင်ရည်ရှိသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ရန်အတွက် မိုးလေဝသ၊ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စောင့်ကြပ်ကြည့်ရှု လေ့လာမှုများအားကောင်းစေရန် အရေးပါသည့်အချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ယနေ့ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်ခြင်းသည် အနာဂတ်တွင် ဘေးကင်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးကြောင်း အလေးပေးဖော်ပြထားခြင်းဖြစ်သည်။

ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ စောင့်ကြည့်ရာတွင် အဓိကဆောင်ရွက်ရန်လိုအပ်သည့် နယ်ပယ်မှာ ဒေတာအချက်အလက် တိကျမှု၊ ဘေးကင်းလုံခြုံမှုနှင့် ခံနိုင်ရည်ရှိမှု နယ်ပယ်များတွင်ဖြစ်ရာ ဒေတာကွာဟချက်များ ကျဉ်းမြောင်းစေခြင်းနှင့် ဂြိုဟ်တုများနှင့် မိုးလေဝသရေဒါများကဲ့သို့ စောင့်ကြည့်ရေး နည်းပညာများကိုမြှင့်တင်ခြင်း၊ အစွန်းရောက် မိုးလေဝသဖြစ်စဉ်များနှင့် ရာသီဥတုသဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ကြိုတင်သတိပေးစနစ်များ ထူထောင်ခြင်းတို့ကိုဆောင်ရွက်ကြရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) နှင့် အမျိုးသားမိုးလေ၀သဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများက ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးသည်ကိုလည်း အလေးဂရုပြုကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရာသီဥတုဆိုင်ရာ ဝန်ဆောင်မှုများမှာလည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ အရည်အသွေးမြင့် တိုင်းတာချက်များ၊ ရာသီဥတုခန့်မှန်းမှုအတွက် သင်္ချာမော်ဒယ်များ၊ အညွှန်းကိန်းများ၊ မြေပုံများ၊ ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုဆိုင်ရာ ဆန်းစစ်ချက်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကဲဖြတ်ချက်များ စသည့် ရာသီဥတုဆိုင်ရာ ဝန်ဆောင်မှုများ တိုးတက်မြင့်မားလာသည့်အလျောက် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ကောင်းစွာစီမံခန့်ခွဲလာနိုင်သည်။ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်းကြောင့် သေကျေပျက်စီးမှုများတွင် ၉၀ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ရာ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် မိမိတို့နိုင်ငံအနေဖြင့်လည်း သဘာဝဘေးကာကွယ်ရေးအတွက် နေ့စဉ်တိုင်းတာ စောင့်ကြည့်မှုများကို အလေးဂရုပြုကြရမည်ဖြစ်သလို ဘေးအန္တရာယ်ကြိုတင်သတိပေးစနစ်များ တည်ထောင်ရေးကိုလည်း မဖြစ်မနေဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။

Newspaper - 3478 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download