သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / May 14, 2025


ဘားအံ - မေ (၁၄)

သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေး၊ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က ကရင်ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်ကျရောက်မှုများအနေဖြင့် ရေကြီးရေလျှံမှုနှင့်ကမ်းပြို၊မြေပြိုမှုများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် ကြိုတင်ပြင်ဆင်စီမံထားကြဖို့လိုကြောင်း၊ သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန် မလိုအပ်ဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်စေလိုပြီးယာဉ်၊ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာ များ အသင့်ပြင်ဆင်စုဖွဲ့ထားကြစေလိုကြောင်း၊ မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်ပြည်သူသိအောင် ထုတ်ပြန် ပေးဖို့လိုပြီး လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကာ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များအလိုက် လက်ရှိ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ယခင်နှစ် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိ ခဲ့မှု၊ ရေကြီးရေလျှံမှုနှင့်အခြားသဘာဝဘေးဖြစ်ပွားခဲ့မှု၊ ရှာဖွေကယ်ဆယ်ပြောင်းရွှေ့နေရာချထားပေးခဲ့ရမှု၊ ဆန်ရိက္ခာ ဖိုးငွေ၊ အခြေခံစားကုန်စသည်ဖြင့် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ယခင်နှစ်ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုအခြေအနေ၊ ယခုနှစ် အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး၊ လိုအပ် သည်များကူညီဖြည့်ဆည်းပေးနိုင်ရေးနှင့်ပြန်လည်ထူထောင်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအ နေများကို ဆွေးနွေးတင်ပြကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ပြောင်းရွှေ့နေရာ ချထားပေးနိုင်ရေး လျာထားပြင်ဆင်ထားရှိမှု၊ အရေးပေါ်တုံ့ပြန်နိုင်ရေး လူ၊ယာဉ်၊ယန္တရားများ စုဖွဲ့ပြင်ဆင်ထားရှိမှု များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လူမှုကယ်ဆယ်ရေးအဖွဲ့များက သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့်အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရေကြီးရေလျှံမှုများဖြစ်ပွားလာပါက ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းသုံး KB-1 ကယ်ဆယ်ရေးလှေ အစီး ၂၀ ကို ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များသို့ ဖြန့်ဝေပေးအပ်ခဲ့ပြီး အဆိုပါကယ်ဆယ်ရေးလှေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

 

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download