သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို စုစည်းညီညွတ်မှုအားဖြင့် ကျော်လွှား


Ministry of Information/ Naypyitaw / June 03, 2025
image_latest


မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မုန်တိုင်းဝင်ရောက်မှု၊ မိုးခေါင်ရေရှားမှုနှင့် ငလျင်လှုပ်ခတ်မှုများကို မကြာခဏကြုံတွေ့ခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ်များအတွင်းက ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုနှင့် ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ ယခုနှစ်မုတ်သုံရာသီကာလတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ကြုံတွေ့နေရသောကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံဖြစ်စဉ်များကို အထူးသတိပြုရမည်ဖြစ်သည်။

ယခုနှစ် မတ်လကုန်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုတို့ရှိ နေအိမ်၊ အဆောက်အအုံနှင့် အခြားထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ရာ လူနေအိမ် ၅၁၂၁၀၊ လမ်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်း ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၇၃၀၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံခြောက်ခု၊ ဌာနအဆောက်အအုံ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အအုံနှင့် ပြတိုက် ၁၆၆ ခု၊ ကျောင်း ၂၅၇၁ ကျောင်း၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘာသာရေးအဆောက်အအုံ ၅၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန်ကောင်ရေ ၁၃၃၇၀၀ ထိခိုက်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလီယံအထိရှိခဲ့ကြောင်း သိရသည်။

အဆိုပါပျက်စီးဆုံးရှုံးမှုများမှာ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုတစ်မျိုးတည်းကြောင့်ဖြစ်ပြီး အခြားသဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပေါင်းလျှင် နိုင်ငံတော်နှင့် ပြည်သူများ၏ ပျက်စီးဆုံးရှုံးမှု မည်မျှကြီးမားသည်ကို ခန့်မှန်းကြည့်နိုင်သည်။ အဆိုပါပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတော်အစိုးရတစ်ခုတည်းအားဖြင့် ဆောင်ရွက်နိုင်စွမ်းမရှိသဖြင့် ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၏ မေတ္တာ၊ စေတနာ အားများနှင့်ပေါင်းစပ်ပြီး တက်ညီလက်ညီအားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြမှသာ မူလအခြေအနေမပျက် ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်ကြိုးပမ်းမှုနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင်ရှိသည့် လုပ်ငန်းကော်မတီများအလိုက် တုံ့ပြန်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။ ဘေးသင့်ဒေသမှ ပြည်သူများအတွက် လတ်တလောယာယီနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အရေးပေါ်လိုအပ်ချက်ဖြစ်သည့် ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် မိုးရာသီတွင် ယာယီအမိုးအကာအောက်သို့ရောက်ရှိစေရေး၊ ပြည်သူလူထုကျန်းမာရေးအတွက် ကုသစောင့်ရှောက်မှုများပေးလျက်ရှိသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ကြုံတွေ့နေရသည့် ဘေးအန္တရာယ်များအပြင် နောင်ဖြစ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်များအတွက်ပါ ကြိုတင်ထည့်သွင်းစဉ်းစားပြီး စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစကောင်းမှအနှောင်းသေချာဆိုသကဲ့သို့ မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင်ရွက်နိုင်မည်ဆိုပါက သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် သုံးစွဲရမည့်ကုန်ကျစရိတ်များ များစွာလျော့နည်း သက်သာသွားမည်ဖြစ်သည်။

သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်၍ ကြိုတင်မြော်တွေးပြီး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ကြမည်ဆိုလျှင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ရုံမျှမက သဘာဝဘေးကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားဖွံ့ဖြိုးတိုးတက်မှုများ မဆုံးရှုံးစေရေးအတွက်ကိုပါ အကျိုးရှိစေမည်ကို နိုင်ငံတော်အကြီးအကဲက အသိပေးထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရေတို၊ ရေရှည်အစီအမံများချမှတ်ပြီး မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်ရန် အကန့်အသတ်များရှိနေသောကြောင့် မြန်မာနိုင်ငံတော်အပေါ်တွင် စေတနာ၊ မေတ္တာ၊ သံယောဇဉ်ထားသောစိတ်၊ နိုင်ငံချစ်သည့်စိတ်တို့ဖြင့် ပြည်တွင်း၊ ပြည်ပမှစေတနာရှင်များ၏ အင်အားများပေါင်းစပ်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာလျှင် သဘာဝဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ။

Newspaper - 3539 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download