သဘာဝအရင်းအမြစ်များကိုအသုံးချ လူမှုစီးပွားဖွံ့ဖြိုးရေးကိုဆောင်ကြဉ်း
သဘာဝအရင်းအမြစ်များကိုအသုံးချ လူမှုစီးပွားဖွံ့ဖြိုးရေးကိုဆောင်ကြဉ်း
Ministry of Information/ Naypyitaw / December 23, 2024
မြန်မာနိုင်ငံ၏လူမှုစီးပွားဘဝတွင် မျက်မှောက်ကာလကြုံတွေ့နေရသည့် လိုအပ်ချက်အမျိုးမျိုးအနက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုအခက်အခဲများကို တွေ့ကြုံနေရသည်။ နိုင်ငံတော်၏ တစ်ရက်ပျမ်းမျှ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၄၄၀၀ ဖြစ်ပြီး လက်ရှိတွင် မဂ္ဂါဝပ် ၂၄၀၀ ခန့်သာ ထုတ်လုပ်ပေးနိုင်သည်။ နေ့စဉ်ကြုံတွေ့နေရသော လျှပ်စစ်ဓာတ်အားအခက်အခဲများနှင့်ပတ်သက်၍ ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အသိပေးသတင်းထုတ်ပြန်ထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံအသီးသီး၏ အရင်းအမြစ်များအလိုက် စုစုပေါင်းစက်တပ်ဆင်အင်အားများသည် ၇၂၇၂ မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအားလုံး စက်စွမ်းအားအပြည့် မောင်းနှင်လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်သည် မဂ္ဂါဝပ် ၄၄၀၀ ဖြစ်သဖြင့် ထုတ်လုပ်နိုင်မှုနှင့်သုံးစွဲနိုင်မှုတွင် ကွာဟချက်ကြီးကြီးမားမားမရှိသဖြင့် ပြည်သူများ လူမှုစီးပွားဘဝအတွက် အစဉ်ပြေနိုင်သည်။
သို့သော် YESC ၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်၏ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ်ကိုးရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိခြင်း၊ အဖျက်သမားသောင်းကျန်းသူများက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီဓာတ်အားလိုင်းများကိုဖျက်ဆီးမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စက်စွမ်းအားပြည့်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်းရရှိခြင်း၊ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် စုစုပေါင်းဓာတ်အား ၁၄၀၈ မဂ္ဂါဝပ်ခန့်လျော့နည်းထုတ်လုပ်နေရပြီး ယခုကာလများတွင် တစ်ရက်ပျမ်းမျှ မဂ္ဂါဝပ် ၂၄၀၀ ခန့်သာထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ နေစွမ်းအင်၊ ရေစွမ်းအင်၊ လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့စွမ်းအင် စသည့်စွမ်းအင်များ ဒေသအသီးသီးတွင် အလျှံပယ်ရှိသည်။ မျက်မှောက်ကာလတွင် ရေအားလျှပ်စစ်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့စွမ်းအင်တို့ကို အဓိကအားထား အသုံးပြုထုတ်လုပ်လျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးတွင် တပ်ဆင်ထားသောစက်များ စက်စွမ်းအားအပြည့် ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားကို အခက်အခဲကြီးကြီးမားမားမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး ထပ်မံ၍ စီမံကိန်းများတိုးချဲ့ဆောင်ရွက်နိုင်သည့်အခါ လျှပ်စစ်ဓာတ်အားပြည့်စုံလုံလောက်မှုရှိပြီး လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့မည်ဖြစ်သည်။
ယခုအခါ တည်ဆောက်တပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြန်လည်ပြင်ဆင်ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လက်ရှိကာလ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေမှုများကို ကာလတိုဖြေရှင်းပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းမှာ ကြီးမားကျယ်ပြန့်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ တိုးပွားလာသောလူဦးရေနှင့် လူမှုစီးပွားတိုးတက်မှုအနေအထားများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ဆက်လက်မြင့်မားနေမည်ဖြစ်သည်။ ထို့ကြောင့် ရေရှည်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အဆင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပြီး အနာဂတ်ကာလတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေရှည်တိုးတက်သုံးစွဲလာနိုင်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံအတွင်းပေါများကြွယ်ဝသည့် ရေ၊ နေ၊ လေ၊ ဓာတ်ငွေ့သဘာဝအရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိသလို လက်ရှိကာလတွင် လျော့နည်းထုတ်လုပ်ပေးရသည့် ဓာတ်အားအခက်အခဲကိုလည်း နားလည်သိရှိပြီး ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။
Newspaper - 3021 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download