သမားရိုးကျမွေးမြူရေးမှ ခေတ်မီမွေးမြူရေးစနစ်ဖြင့် တိုးချဲ့မွေးမြူနိုင်ရေး အားပေးဆောင်ရွက်
သမားရိုးကျမွေးမြူရေးမှ ခေတ်မီမွေးမြူရေးစနစ်ဖြင့် တိုးချဲ့မွေးမြူနိုင်ရေး အားပေးဆောင်ရွက်
Ministry of Information/ Naypyitaw / November 03, 2024
နေပြည်တော် နိုဝင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်ပြင် (၁) ရပ်ကွက်ရှိ မွေးမြူရေးတောင်သူ ဦးလှဝင်းအောင်၏ နို့စားနွားမွေးမြူရေးခြံ၌ ဒေသခံ နို့စားနွားမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ အသေးစား အငယ်စားနှင့် အလတ်စားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသောဈေးကွက်ဖော်ဆောင်နိုင်ကြစေရန်၊ သမားရိုးကျမွေးမြူရေးမှ ခေတ်မီမွေးမြူရေးစနစ်သို့ ကူးပြောင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ နို့စားနွားမွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှု၊ သီးနှံဆွတ်ခူး ရိတ်သိမ်းပြီး ဘေးထွက်ကုန်ကြမ်းများဖြင့် မွေးမြူရေးအစာ ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက်ရှိ ပုဂ္ဂလိက နို့စားနွားမွေးမြူရေးခြံများနှင့် ခေတ်သစ်ဒိန်ချဉ်လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ အကြံပြုဆွေးနွေးမှာကြားကာ စိုက်ပျိုးရေးဦးစီးဌာန ဝါကြိတ်စက်ရုံ (အောင်လံ) သို့ ရောက်ရှိပြီး ဝါကြိတ်စက်များ ထိန်းသိမ်းထားရှိမှုနှင့် စက်များ၏ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောင်လံခရိုင် နို့စားနွားမွေးမြူရေးနှင့် ဥစားကြက်မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက အကောင် အထည်ဖော်ဆောင်ရွက်ပေးနေမှု၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပိုမို တိုးတက်ထုတ်လုပ်နိုင်စေရေးအတွက် ဝန်ကြီးဌာနက ကူညီပံ့ပိုးဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3031 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download