သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံနှင့် ကြိမ်အချောထည်စက်ရုံများအား ကြည့်ရှုစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / September 17, 2024


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၅-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွာသာကြီးပျိုးဥယျာဉ်သို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းတစ်လျောက် ဒီရေတောများအား သဘာဝအစိမ်းရောင်တံတိုင်းဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ တရားမဝင်သစ် တားဆီးရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်ရန်၊ ပျိုးပင်သက်တမ်း ၂ နှစ်နှင့်အထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်သွားရန်မှာကြားပြီး ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၂၂ မျိုးဖြင့် ပျိုးပင် ၃၈,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအား လှည်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန် အတွင်းရှိ National Wood Industry သစ်အချောထည်စက်ရုံသို့သွားရောက်၍ သစ်အချောထည် ထုတ်လုပ်နေမှုအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်အချောထည် ထုတ်လုပ်မှုလုပ်ငန်းစဉ်အလိုက်ဆောင်ရွက်နေမှုများ၊ ပြည်တွင်း/ပြည်ပ စျေးကွက်နှင့် ဝယ်လိုအားအခြေအနေများ၊ ထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်ရုံများအနေဖြင့် အရည်အသွေးပြည့်ဝသော သစ်အချောထည်ပစ္စည်းများအား တိုးမြှင့်ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေရှာဖွေမှုအား တစ်ဘက်တစ်လမ်းက အထောက်အကူပြုလျက်ရှိကြောင်း၊ ပြည်ပသို့သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၇ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး တန်ဖိုးမြှင့် သစ်အချောထည်အဖြစ် တင်ပို့ခြင်းကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပဈေးကွက်သို့ သစ်အချောထည်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေးအတွက် ကုန်ကြမ်းရရှိရေးနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Classic Home ကြိမ်အချော ထည်နှင့် ပရိဘောဂစက်ရုံသို့ သွားရောက်၍ ကြိမ်ပရိဘောဂထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှုအခြေအနေများ၊ ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၁၆-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၇ မျိုးဖြင့် ပျိုးပင် ၄၀,၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ TK-Interiors ကြိမ်အချောထည် စက်ရုံသို့သွားရောက်၍ ကြိမ်အချောထည် ပရိဘောဂပစ္စည်းများ ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၉)သစ်စက်နှင့် အမှတ်(၄)သစ်စက်များသို့ ရောက်ရှိရာ တာဝန်ရှိ သူများက ရှင်းလင်းတင်ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲခြင်းအား သစ်တောကာကွယ်ထိန်းသိမ်းခြင်းကို ဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံးလိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိကြောင်း၊ ထွက်ရှိလာသော သစ်များကိုလည်း တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပစျေးကွက်များ ရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊  သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျသော နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာန၊အဖွဲ့အစည်းနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သွားရန် အရေးကြီးကြောင်း၊ အလားတူ ကျွန်းနှင့်သစ်မာ တင်ဒါကိစ္စရပ်များ ပိုမိုအဆင်ပြေ ချောမွေ့စေရေး၊ စနစ်တကျဖြစ်စေရေးနှင့် ရေတိုရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား မဟာဗျူဟာမြောက် ချမှတ်အကောင်အထည်ဖော်ရေး အထူး ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း သစ်ခွဲစိတ်ဆောင်ရွက်နေမှု အခြေအနေနှင့် သစ်ခွဲသားများ လပ်ပုံထိုင်ဆောင်ရွက်ထားနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

Newspaper - 3044 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download