သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) Geo Database ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) Geo Database ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / November 04, 2024
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)Geo Database ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၄-၁၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြေတိုင်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအမှူးများ၊ တပ်မတော်သတင်းအချက်အလက်နှင့် နည်းပညာသုတေသနဌာနမှတာဝန်ရှိသူများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်အား မြေအသုံးချမှုနှင့် ဆက်စပ်သည့် ဌာန/လုပ်ငန်းများ၏ မြေပြင်ဆိုင်ရာ သတင်းအချက်အလက် ကိန်းဂဏန်းများ ကောက်ယူစုစည်း၍ ပွင့်လင်းမြင်သာသော မြေအသုံးချ စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ရန်၊ တိကျသော သတင်းအချက်အလက်များ စနစ်တကျသိမ်းဆည်းခြင်းနှင့် မြေပုံထုတ်လုပ်ခြင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၊ နည်းပညာလုပ်ငန်းအဖွဲ့နှင့် အဖွဲ့ငယ်များဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကာလအတွင်း အထောက်အကူပြု နည်းပညာဆိုင်ရာ သင်တန်းများအား ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများက မြေပြင်သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုစည်း၍ Geo Database တည်ဆောက်ရာတွင် “စံ” ပုံစံကိုက်ညီမှုရှိစေရန် ယခုသင်တန်းအား ပို့ချရခြင်းဖြစ်ကြောင်း၊ One Map Myanmar Geoportal Platform အား ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနများမှ ထပ်မံပေးပို့သည့် နောက်ဆုံးရအချက်အလက်များကိုလည်း ဆက်လက်ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသည့် စာတွေ့လက်တွေ့များကို ကြိုးစားလေ့လာ၍ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များအား စနစ်တကျထည့်သွင်းနိုင်အောင် ဆောင်ရွက်သွားရန်နှင့် မိမိဌာနတွင်လည်း ပြန်လည်မျှဝေပေးရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်နိမိတ်တိုင်းတာရေးကိရိယာများပြသထားမှုပြခန်းနှင့် သင်တန်းသားများအား Geo Database ထည့်သွင်းခြင်း လက်တွေ့သင်ကြားပို့ချမည့် ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ် - GIS အခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယခုသင်တန်းအား ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့ (၅၁) ဌာနမှ သင်တန်းသား ၈၆ ဦး အား အမျိုးသားမြေပုံစနစ်တွင် အသုံးပြုမည့် GIS နည်းပညာနှင့်ပတ်သက်သည့် အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ မှန်/မမှန်စစ်ဆေးခြင်း၊ “စံ” ပုံစံများ၊ Webpage၊ Dashboard နှင့် User Interface တည်ဆောက်ခြင်းများကို သင်တန်းကာလ ရက်သတ္တပတ်နှစ်ပတ်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်သည်။
Newspaper - 3540 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
