သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် သီးနှံမျိုးစေ့ထုတ်လုပ်ငန်းများ အောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်
သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် သီးနှံမျိုးစေ့ထုတ်လုပ်ငန်းများ အောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / February 23, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရသည် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းအဆင့်ဆင့်တို့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်တွင်းသားငါးကဏ္ဍပြည့်မီစေရေးအတွက် ပဲခူးတိုင်းဒေသကြီး ဥဿာငါးမွေးမြူရေးလုပ်ငန်း သမဝါယမအသင်း၊ နေဝန်းနီ ငါးမွေးမြူရေးလုပ်ငန်း သမဝါယမအသင်းတို့မှ မွေးမြူထားရှိသော ငါးကြင်း၊ ငါးမုတ်၊ ငါးတန် စသည့် ငါးကောင်ရေ ၉၀၀၀၀၀ ကျော် မွေးမြူထားရှိမှုနှင့် နေ့စဉ်ထုတ်လုပ် ရောင်းချမှုအခြေအနေများ၊ ဒေသကြက်ကောင်ရေ ၅၅၀၀ မွေးမြူထားရှိမှုအခြေအနေများနှင့် ထပ်မံတိုးချဲ့မွေးမြူမည့် အခြေအနေများအပေါ် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် ကောင်းမွန်သော ရေနေသတ္တဝါကျင့်စဉ်နှင့် အညီမွေးမြူနိုင်ရေး၊ စံချိန်စံနှုန်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မွေးမြူနိုင်ရေး၊ ရောဂါကျရောက်မှုကာကွယ်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး မယင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ နွေစပါးစိုက်ဧက ၁၅၀ အနက် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ် ၂၃ ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေး၊ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ လိုအပ်သော သွင်းအားစုများကို အချိန်ကိုက်ထည့်သွင်းစေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပေါက်တောအရှေ့စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဆောင်းမြေပဲစိုက်ခင်း ၁၁၅ ဧက စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3450 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
