သိပ္ပံဘွဲ့ရသူများ တက်ရောက်နိုင်သည့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာတစ်နှစ်သင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိ


Ministry of Information/ Naypyitaw / April 21, 2026
image_latest


နေပြည်တော် ဧပြီ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၌ လက်တွေ့လုပ်ငန်းများ အလုပ်သင်ကွင်းဆင်းနေသည့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာတစ်နှစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းသားများကို တွေ့ဆုံအားပေးစကားပြောကြားသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးကသင်တန်းပြီးမြောက်ပါက နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို တိကျစွာလိုက်နာကျင့်သုံးပြီး မိမိတို့တာဝန်ကျ သည့်ဒေသရှိ တိရစ္ဆာန်ဆေးကုဆရာဝန် မြို့နယ်ဦးစီးမှူးများ၊ ဒုတိယဦးစီးမှူးများ၏ ဦးဆောင်မှုဖြင့် စည်းစည်းလုံးလုံး လက်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးကုသရေးအပြင်သိပ္ပံနည်းကျ မွေးမြူ ထုတ်လုပ်ရေးကိုလည်း သင်တန်းကာလတွင် လေ့ကျင့်သင်ကြားပေးပြီးဖြစ်၍ ကျေးလက်ဒေသအထိ ပုံမှန်ကွင်းဆင်းစေလိုကြောင်း၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ရေး ဦးတည်၍ စိတ်ကောင်းစေတနာမှန်ဖြင့် တောင်သူလယ်သမားအကျိုး ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုနည်းတူ မွေးမြူသူတိုင်းကိုလည်း ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ(GAHP)နှင့်အညီ ဇီဝလုံခြုံမှု အားကောင်းစွာ မွေးမြူထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ အထူးမှာကြားလိုသည်မှာ ထုတ်ပြန်ထားသည့် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် အမိန့်၊ ညွှန်ကြားချက်များကို လေးစာလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေး ဆိုင်ရာ အတတ်ပညာကို ကျွမ်းဝင်နားလည်သည့် အလယ်အလတ်ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော သိပ္ပံဘွဲ့ရသူများ တက်ရောက်နိုင်သည့် တိရစ္ဆာန်ဆေးကု သိပ္ပံဒီပလိုမာ တစ်နှစ်သင်တန်းကို စာတွေ့သင်ကြားရေးကိုးလ၊ လက်တွေ့ သုံးလပို့ချပေးလျက်ရှိရာ အမှတ်စဉ်(၁) သင်တန်းပြီးမြောက်ခဲ့သည့် သင်တန်း သား ၆၅ ဦးကို ဒုတိယလက်ထောက်ဦးစီးမှူး တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ ယခုအမှတ်စဉ်(၂) သင်တန်းသား ၅၂ ဦးသည် စာတွေ့သင်ကြားရေး ကိုးလပြီးဆုံးပြီဖြစ်၍ အလုပ်သင်ကွင်း လက်တွေ့လုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဖွဲ့သုံးဖွဲ့ခွဲ၍ သုံးလတာဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူအမှတ်စဉ်(၃) သင်တန်း ဆက်လက်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3502 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download