သီးနှံများ ဓာတုဓာတ်ကြွင်းကင်းစင်ရေး စိုက်ပျိုးဆေးများ စနစ်တကျသုံးစွဲ


Ministry of Information/ Naypyitaw / September 29, 2025
image_latest


စားရေရိက္ခာဖူလုံရေးအတွက် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာစသည်ဖြင့် ဓာတုဆေးဝါးများကို မသုံးမဖြစ် သုံးစွဲနေကြရသည်။ သစ်ပင်၊ သီးနှံအဖျက်ပိုးမွှားများ၊ မှိုများနှိမ်နင်းရေးအတွက် သုံးစွဲကြရသည့် ဆေးများမှာ အမှန်စင်စစ်အားဖြင့် အသက်သေဆုံးစေနိုင်သည်အထိ အန္တရာယ်ရှိသော ဓာတုပစ္စည်းများဖြစ်ပြီး အလွယ်ကူဆုံးပြောမည်ဆိုလျှင် အဆိပ်များပင်ဖြစ်သည်။

သစ်ပင်သီးနှံဖျက်ပိုးမွှားအမျိုးမျိုးတို့ကို နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ဈေးကွက်တွင် အမျိုးအမည်ပေါင်း ထောင်နှင့်ချီကာ အပြိုင်အဆိုင် ရောင်းချလျက်ရှိရာ ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတန်ချိန် သုံးသန်းခွဲကျော် သုံးစွဲနေကြသည်ဟု သိရသည်။ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် နှစ်စဉ်ပိုးသတ်ဆေး တန်ချိန် သုံးသောင်းကျော်တင်သွင်းအသုံးပြုနေကြသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးချိန်မှစတင်၍ စိုက်ပျိုးရေးသုံးဓာတုပိုးသတ်ဆေးများ တရားဝင်ရောင်းဝယ် ဖောက်ကားခွင့်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပိုးသတ်ဆေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ခေတ်နှင့်လျော်ညီသည့် ပိုးသတ်ဆေးဥပဒေသစ်ကို ထပ်မံပြဋ္ဌာန်းခဲ့သည်၊၊

ပိုးသတ်ဆေးများသည် ပိုးမွှားများနှိမ်နင်းရေးအတွက် ထုတ်လုပ်ထားခြင်းဖြစ်သည့်တိုင် ပိုးသတ်ဆေးအဆိပ်က လူနှင့် ကျွဲ၊ နွားများ အပါအဝင် တိရစ္ဆာန်များကိုလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာတစ်ရပ်အရ ကမ္ဘာတစ်ဝန်း ရှိ လယ်ယာလုပ်ကိုင်သူ ၂၀၀၀၀ မှ ၄၀၀၀၀ ခန့်အထိ ပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် နှစ်စဉ်သေဆုံးနေကြရသည်ဟု ဆိုသည်။ ပိုးသတ်ဆေးအဆိပ်သင့်မှုတွင် ပိုးသတ်ဆေးနှင့် တိုက်ရိုက်ထိတွေ့မိရာမှ အဆိပ်သင့်ခြင်းရှိသကဲ့သို့ ပိုးသတ်ဆေးဓာတ်ကြွင်း၊ ဓာတ်မြေဩဇာဓာတ်ကြွင်းများ ပါရှိနေသည့် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးမိခြင်းကြောင့်လည်း အဆိပ်သင့်ကြရသည်။

ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာတို့ကို ကြာရှည်စွာ ထိတွေ့နေရသူများသည် အသည်းကြွပ်ရောဂါ၊ အသည်းတွင် အမာရွတ်ဖြစ်ခြင်း၊ အသည်းကင်ဆာ စသည်တို့ဖြစ်လာနိုင်ပြီး မျိုးပွားအင်္ဂါများကိုလည်း ထိခိုက်လာစေနိုင်သည်။ တစ်ကမ္ဘာလုံးတွင် ထုတ်လုပ်သည့် ပိုးသတ်ဆေးများ၏ အများစုကို ဖွံ့ဖြိုးပြီး နိုင်ငံများက အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက ၂၀ ရာခိုင်နှုန်းမျှသာ သုံးစွဲကြခြင်းဖြစ်သော်လည်း ပိုးသတ်ဆေးအဆိပ်မိခြင်းကို ခံကြရသူများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ တောင်သူများမှာ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများနှင့် စပ်လျဉ်း၍ အသိသုတနည်းနေပြီး ပညာပေးမှု များ အများအပြားပြုလုပ်ရန် လိုအပ်သည်ကို ပြဆိုနေခြင်းဖြစ်သည်။

ပိုးသတ်ဆေးကို မဖြစ်မနေသုံးစွဲကြရမည့် တောင်သူများမှာ ပိုးသတ်ဆေးကို စနစ်တကျကိုင်တွယ်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ မဖြစ်မနေလေ့လာကြရမည်ဖြစ်သည်။ သီးနှံအဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရာတွင် မည်သည့်ပိုးအတွက် မည်သည့်ဆေး၊ ဆေးပမာဏမည်မျှ၊ မည်သည့်အချိန်တွင် ဆေးဖျန်း စသည်တို့ကို မှန်ကန်စွာပြုလုပ်ခြင်းဖြင့် ပိုးမွှားများကို ထိရောက်စွာနှိမ်နင်းနိုင် မည်ဖြစ်သည်။ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာတို့ကို လိုသည်ထက် ပိုမိုသုံးစွဲခြင်း၊ အလွန်အကျွံသုံးစွဲခြင်းတို့ကြောင့် သီးနှံများတွင် ဓာတ်ကြွင်းများ ပါဝင်နေမည်ဖြစ်ရာ စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေနိုင်သကဲ့သို့ ပြည်ပဈေးကွက်တွင်လည်း ငြင်းပယ် ခံရနိုင်သည်။ ပိုးသတ်ဆေးဖျန်းပါက ဆေးညွှန်းပါ “သီးနှံများ မခူးဆွတ်၊ မရိတ်သိမ်းမီစောင့်ဆိုင်းရမည့်အချိန်ကာလ (PHI = Pre- Harvest Interval)” ကို မဖြစ်မနေလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါအချိန်ကာလကို (၁၄) ရက်ဟု ဖော်ပြထားလျှင် ပိုးသတ်ဆေးဖျန်းပြီးနောက် (၁၄) ရက်ကျော်မှသာ သီးနှံများကို ခူးဆွတ် ရိတ်သိမ်းကြရမည်ဖြစ်ရာ အချိန်မတိုင်မီခူးဆွတ်ရိတ်သိမ်းပါက ဓာတ်ကြွင်းပါဝင်မှုကြောင့် စားသုံးသူများတွင် အန္တရာယ်ကျရောက် စေနိုင်သည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးထုတ်ကုန်များတွင် ဓာတုဓာတ်ကြွင်းများ ကင်းစင်ရေးအတွက် စိုက်ပျိုး၊ ရိတ်သိမ်း၊ သိုလှောင်မှုအဆင့်ဆင့်တွင် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ကြရန်လိုသည်။ အစားအစာများ ဘေးကင်း လုံခြုံရေးအတွက် ဓာတုဓာတ်ကြွင်းများကင်းစင်မှသာ စားသုံးသူများ အန္တရာယ်ကင်းမည့်အပြင် ပြည်ပဈေးကွက်တွင် ငြင်းပယ်မှုမှ လွတ်ကင်းစေပါမည့်အကြောင်း။ ။

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download