သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းရှိ အဆောက်အအုံ ၁၇၁ လုံး တည်ဆောက်ပြီးစီး၊ အိမ်ထောင်စု ၂၇၃၆ စုအထိ နေထိုင်လျက်ရှိ


Ministry of Information/ Naypyitaw / February 24, 2025
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းဧရိယာသည် ၁၈၁ ဧက ကျယ်ဝန်းပြီး လေးထပ် ၁၆ ခန်း နှစ်လုံးတွဲအဆောက်အအုံ ၂၇၂ လုံး တည်ဆောက်သွားမည်ဖြစ်ရာ လက်ရှိတွင် အဆောက်အအုံ စုစုပေါင်း ၁၇၁ လုံး ပြီးစီးနေပြီဖြစ်ပြီး လျှောက်ထားသူများအနက် မဲပေါက်သည့် အိမ်ထောင်စုပေါင်း ၂၇၃၆ စုကို နေထိုင်ခွင့်ပေးထားကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းဘဏ္ဍာငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းကွန်ရက်နှင့် အဆောက်အအုံအားလုံးကို တာဝန်ယူတည်ဆောက်ပေးလျက်ရှိပြီး ရေဆက်သွယ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းနှင့် ဈေးများတည်ဆောက်ခြင်းကို မြို့တော်စည်ပင် (YCDC) က တာဝန်ယူတည်ဆောက်ကာ လျှပ်စစ်မီးရရှိဆက်သွယ်မှုများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့က သတ်မှတ်ကာလပြီးစီးနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်သွားလာလွယ်ကူစေရန် စီမံကိန်းဧရိယာအတွင်း အမှတ် (၂) လမ်းမှ ဖြတ်သန်းသွားလာနိုင်ပြီး ရန်ကုန်မြို့ပတ်လမ်းနှင့်လည်း ကပ်လျက်တည်ရှိသည်။

လက်ရှိတွင် မဲပေါက်နေထိုင်လျက်ရှိသော ပြည်သူများ အခက်အခဲမရှိ သွားလာနိုင်ရန် စီမံကိန်းအတွင်းအကျယ် ငါးဧက Bus Terminal ၊ လူမှုဖူလုံရေးနေရာ၊ ရေပေးဝေစခန်း၊ အခြေခံပညာရေးကျောင်း၊ ခေတ်မီစည်ပင်သာယာဈေး၊ စီးပွားရေးလုပ်ကိုင်နိုင်သော နေရာများသည် မကြာမီကာလတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ပြီးစီးသော တိုက်ခန်းများကို ၂၀၂၄ ခုနှစ်တွင် လျှောက်ထားသူများအား ပွင့်လင်းမြင်သာ မဲစနစ်ကို သုံးကြိမ်ကျင့်သုံးပြီး မဲပေါက်သူပြည်သူများကို နေထိုင်ခွင့်များပြုခဲ့ပြီဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် မဲပေါက်သူများကိုလည်း ထပ်မံနေထိုင်ခွင့်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းဧရိယာအတွင်းရှိ အခြေခံကွန်ကရစ်လမ်းများ၊ အုတ်ရေမြောင်းများ၊ Box Culvert များ၊ လူသွားစင်္ကြံများ၊ အဆောက်အအုံအဝင်လမ်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သည်။ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အရွယ်အစားမျိုးစုံယာဉ်များ ဝင်ထွက်နိုင်ရန် အကျယ် ၄၈ ပေ၊ ဒု ၁၈ လက်မရှိ လမ်းများ၊ ၃၈ ပေ၊ ၂၄ ပေ၊ ၂၂ ပေ၊ ၁၈ ပေ အကျယ်ရှိ လမ်းကွန်ရက်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို လျှောက်ထားသူများအနက် မဲစနစ်လေးကြိမ်ပြုလုပ်ပြီးအထိ မဲပေါက်သူ အိမ်ထောင်စုပေါင်း ၂၇၃၆ ဦးအထိ နေထိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

စောသိန်းဝင်း

Newspaper - 3489 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download