သုတေသနနှင့် တီထွင်ဆန်းသစ် နိုင်ငံဖွံ့ဖြိုးမှုအထောက်အကူပြု


Ministry of Information/ Naypyitaw / February 07, 2026
image_latest


မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာ အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုအား အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကို တွေ့ရသည်။ သုတေသနလုပ်ငန်းများတွင် ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများသည် ရေရှည်တွင် အကျိုးရလဒ်များ အများဆုံးဖြစ်ထွန်းပြီး နိုင်ငံတိုးတက်ကြီးပွားချမ်းသာနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများကို အလေးထားပြုလုပ်ရန် အထူးလိုအပ်လျက်ရှိသည်။ လုပ်ငန်းနယ်ပယ်အချို့တွင် သုတေသနလုပ်ငန်းများကို တည်ထောင်ထားသော်လည်း အချို့လုပ်ငန်းများတွင် သုတေသနကို တည်ထောင်ရင်းနှီးမြှုပ်နှံခြင်းမရှိသေးသဖြင့် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၌ လိုအပ်ချက်များရှိနေသည်။

လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်သည်။ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှုစွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ဖြစ်သည်။ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်၍ မြန်မာ့မူဟန်မပျောက်အောင်ထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ ခေတ်မီတိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ်အမီလိုက်ပြီး ခေတ်မီနိုင်ငံတော် ဖြစ်အောင် အားလုံးပါဝင်တည်ဆောက်ရမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်နယ်ပယ်အားလုံးနှင့် အစိုးရနှင့် ပုဂ္ဂလိကနယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန်လိုအပ်သည်။ အစိုးရအနေဖြင့် ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေးဆိုင်ရာတွင် သတ်မှတ်သည့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရသော်လည်း ပုဂ္ဂလိကပိုင်းတွင် ကိုယ်ပိုင်မူဝါဒနှင့် လွတ်လပ်စွာဆောင်ရွက်ရသည့်အတွက် မိမိအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရန်လိုသည်။ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသောနိုင်ငံဖြစ်၍ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် များသောအားဖြင့် ဆူလွယ်နပ်လွယ်ရှိသည့် လုပ်ငန်းကြီးများ လုပ်ကိုင်ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်၍ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးတွင် သုတေသနလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များဖော်ထုတ်ကာ အရည်အသွေးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်သစ်များချဲ့ထွင်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေး ပြည့်ဝသည့် သုတေသနအခြေပြု ကျွမ်းကျင်ပညာရှင်များ၊ လုပ်သားများကို မွေးထုတ် ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအများစုသည် ပုဂ္ဂလိကကဏ္ဍကို အခြေပြုသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းများသာမက အကြီးစားလုပ်ငန်းများတွင်ပါ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်ကြီးများက ပါဝင်ရင်းနှီးမြှုပ်နှံသွားရန်လိုအပ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့်နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာမခံချက်များရရှိရေးအတွက် နိုင်ငံတော်က အထောက်အပံ့ကောင်းများဖြည့်ဆည်း ပေးလျက်ရှိသလို ပုဂ္ဂလိကအကျိုးစီးပွားကို အာမခံချက်ပေးသည့် မူပိုင်ခွင့်အခွင့်အရေးများ ဆောင်ရွက်ပေးထားပြီးဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေး အတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ရင်းနှီးမြှုပ်နှံတည်ထောင်ပြီး ကုန်ထုတ်လုပ်ငန်းများ အကျိုးဖြစ်ထွန်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ခြင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ခြင်းတို့ကို အထောက်အကူပြုနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download