သူနာပြုများသည် လူနာများနှင့် အနီးကပ်ထိတွေ့ပြုစုရသည့်အချိန် ပိုမိုများပြားသဖြင့် သူနာပြုများအား လေ့ကျင့်သင်ကြားမှုသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရေးကြီး
သူနာပြုများသည် လူနာများနှင့် အနီးကပ်ထိတွေ့ပြုစုရသည့်အချိန် ပိုမိုများပြားသဖြင့် သူနာပြုများအား လေ့ကျင့်သင်ကြားမှုသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရေးကြီး
Ministry of Information/ Naypyitaw / August 17, 2025
နေပြည်တော် ဩဂုတ် ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ သင်တန်းဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သူနာပြုများသည် လူနာများနှင့် အနီးကပ်ထိတွေ့ ပြုစုရသည့်အချိန် ပိုမိုများပြားသဖြင့် သူနာပြုများအား လေ့ကျင့်သင်ကြားမှုသည် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်တန်းသား သင်တန်းသူများ၏လိုအပ်ချက်ကို တတ်နိုင်သမျှပံ့ပိုးပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုများကိုလည်း မိသားစုသဖွယ် ဖေးမဆောင်ရွက်ပေးစေလိုကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းလိုက်နာကာ မိမိတို့၏အသက်မွေးဝမ်းကျောင်း ပညာတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် သင်တန်းကျောင်းအတွင်း ကွန်ပျူတာခန်း၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ထမင်းစားဆောင်၊ စားဖိုဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် သူနာပြုဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး-မိတ္ထီလာမြို့ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ခွဲစိတ်ကုသဆောင်၊ အရိုးကုသဆောင်၊ အထွေထွေရောဂါကုသဆောင်၊ ခွဲစိတ်ခန်း၊ သားဖွားမီးယပ်ကုသဆောင်၊ ဓာတ်ခွဲခန်းနှင့် လူနာများအား ကုသပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိတ္ထီလာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ၍ မြန်မာနိုင်ငံမျှော်မှန်းလူ့သက်တမ်းကို ပိုမိုကောင်းမွန်စေရေး၊ မိခင်သေဆုံးနှုန်း၊ ကလေးသေဆုံးနှုန်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းလျော့နည်းစေရေး ကျန်းမာရေးမြှင့်တင်မှုများ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကြိုးပမ်းဆောင်ရွက်ရန်၊ မိခင်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ ကျောင်းကျန်းမာရေး၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားတတ်သည့် ရာသီဖြစ်သဖြင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်မှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်
Newspaper - 3258 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။
