သံမဏိမူဝါဒ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
သံမဏိမူဝါဒ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Ministry of Information/ Naypyitaw / August 31, 2025

နေပြည်တော် ဩဂုတ် ၃၀
သံမဏိမူဝါဒထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော သံ၊ သံမဏိများထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သံမဏိလုပ်ငန်းရှင်များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူးများက Virtual စနစ်ဖြင့် သတ်မှတ်နေရာများမှ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ဘုရား၊ စေတီပုထိုးများ၊ လမ်းတံတားများ၊ ရုံး၊ လူနေအိမ်အဆောက်အအုံများ များစွာပြိုပျက်၍ ပြည်သူလူထုထိခိုက် သေဆုံးမှုများရှိခဲ့သဖြင့် နိုင်ငံတော်အကြီးအကဲက နောင်တစ်ချိန်တွင်ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် အနည်းဆုံးရစ်ခ်စတာ စကေး ၈ ခံနိုင်သည့် အဆောက်အအုံများဆောက်လုပ်ရန် လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် အင်အားအလွန်ပြင်းထန်သော ငလျင်ကြီး၏ နောက်ဆက်တွဲ ဆိုးကျိုးများအပေါ် အကောင်းဆုံးတုံ့ပြန်ကုစားရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးသံမဏိများနှင့်ပတ်သက်၍ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပမှတင်သွင်းမှုများအပေါ်တွင် စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
သံမဏိထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများအား စနစ်တကျရှိစေရေး၊ စံချိန်စံညွှန်း အရည်အသွေးပြည့်မီမှုကိုလည်း စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန်သော မူဝါဒအထောက်အပံ့ဖြင့် ချဉ်းကပ်ရန်လိုကြောင်း၊ သံမဏိမူဝါဒအမြန်ထွက်ရှိရေး၊ စံချိန်စံညွှန်းပြည့်ဝသော အရည်အသွေးမီသည့် သံနှင့် သံမဏိပစ္စည်းများ ထုတ်လုပ်နိုင်ရေးတို့အတွက် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ အကြံဉာဏ်များကို အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးတို့က သံမဏိမူဝါဒရေးဆွဲထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှု၊ နိုင်ငံအတွက် သံမဏိလိုအပ်ချက်၊ ထုတ်လုပ်မည့် သံမဏိများအား အရည်အသွေးပြည့်မီနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု၊ ပြည်တွင်း၌ သံမဏိများအား အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး သံမဏိများ၏ အရည်အသွေးစစ်ဆေးနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများ ထူထောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က သံမဏိများအား အရည်အသွေးသတ်မှတ်ထားမှုအပေါ် သုံးစွဲသူပြည်သူများ သိရှိလိုက်နာနိုင်ရေးကိစ္စရပ်များ ကိုလည်းကောင်း၊ လုပ်ငန်းရှင်များက သံမဏိမူဝါဒ အမြန်ဆုံးရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်မည့်အခြေအနေ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက သံမဏိမူဝါဒခိုင်မာအားကောင်းလာစေရေးအတွက် ပါဝင်သင့်သည့်အချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေး၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3272 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။
