သံ၊ သံမဏိများ၏ အရည်အသွေးစစ်ဆေးရေးအတွက် ဓာတ်ခွဲခန်းတည်ထောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
သံ၊ သံမဏိများ၏ အရည်အသွေးစစ်ဆေးရေးအတွက် ဓာတ်ခွဲခန်းတည်ထောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / July 06, 2025

နေပြည်တော် ဇူလိုင် ၅
သံ၊ သံမဏိများ၏ အရည်အသွေးစစ်ဆေးရေးအတွက် ဓာတ်ခွဲခန်းတည်ထောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ်ရှိ MSME ထုတ်ကုန်ပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံသံနှင့် သံမဏိလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဘိလပ်မြေ ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သံမဏိချောင်းများနှင့်စပ်လျဉ်း၍ ငလျင်အပြီး တုံ့ပြန်ဆောင်ရွက်မှုအနေဖြင့် ပြည်တွင်း၌ အသုံးပြုလျက်ရှိသည့် သံချောင်းလုံးနမူနာများကို အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်းနှင့်တွေ့ဆုံ၍ သံမဏိမူဝါဒလမ်းပြမြေပုံ (Road Map)ရေးဆွဲရေး ညှိနှိုင်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်တွင်း၌ ထုတ်လုပ်သည့် သံ၊ သံမဏိများနှင့် ပြည်ပမှတင်သွင်းလာသည့် သံ၊ သံမဏိများ၏ အရည်အသွေး၊ စံချိန်စံညွှန်း ထိန်းသိမ်းကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်အတွက် သံမဏိ စံချိန်စံညွှန်း သုံးခုကို မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း (Mandatory Standard)များ အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအားဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးထိန်းသိမ်းရေးအတွက် အဓိကလိုအပ်သည့် စံချိန်စံညွှန်းများ သတ်မှတ်ပြီးပါက စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးစစ်ဆေးနိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ရန် လိုအပ်ကြောင်း။
ဓာတ်ခွဲခန်းတည်ထောင်ရန် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များ၏ ပူးပေါင်းပါဝင်မှု၊ အကြံဉာဏ်များ၊ နည်းပညာဆိုင်ရာကူညီပံ့ပိုးမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယနေ့အစည်းအဝေးတွင် သံနှင့်သံမဏိများ၏ အရည်အသွေး စစ်ဆေးနိုင်ရေးအတွက် ဓာတ်ခွဲခန်းထူထောင်ဖွင့်လှစ် နိုင်ရေးဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက်ရောက်လာသည့် ပညာရှင်များအနေဖြင့် ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ တွေ့ရှိချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသံနှင့်သံမဏိ လုပ်ငန်းရှင်များအသင်းမှ သံ၊ သံမဏိများအား အရည်အသွေးစစ်ဆေးနိုင်ရေးအတွက် ဓာတ်ခွဲခန်းထူထောင်ရေးကိစ္စရပ်များနှင့် ဓာတ်ခွဲခန်းအသစ် မထူထောင်မီ ပြည်တွင်း၌ ရှိပြီးဖြစ်သည့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေး၊ ဘိလပ်မြေစက်ရုံများအနေဖြင့် စက်ရုံအလိုက်ထုတ်လုပ်သည့် ဘိလပ်မြေများ၏ အရည်အသွေးကို စက်ရုံအသီးသီး၌ စစ်ဆေးနေမှု၊ မြန်မာ့ သံ၊ သံမဏိ မူဝါဒရေးဆွဲထားမှုအခြေအနေတို့ကို ဝိုင်းဝန်းအကြံပြုသုံးသပ်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ဥက္ကဋ္ဌများ၊ ပညာရှင်များက မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ-၂၀၂၅(MNBC-2025) စာအုပ်များနှင့် soft copy များကို ပြည်ထောင်စုဝန်ကြီးအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3215 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download