ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးကာကွယ်ရေးတာများ မြစ်ရေဝင်ရောက်နစ်မြုပ်ခြင်းမှ ကာကွယ်နိုင်ရေးကွင်းဆင်းကြည့်ရှုဆောင်ရွက်


Ministry of Information/ Naypyitaw / June 22, 2025
image_latest


နေပြည်တော် ဇွန် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် ဇွန် ၁၉ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာအုပ်စု မြောင်းနှစ်မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မြို့အတွင်း ရေဝပ်မှုလျော့ပါးသက်သာစေရေးနှင့် လယ်ယာမြေရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် အသေးစိတ်ကွင်းဆင်းလေ့လာပြီး ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ (ရုံးချုပ်) နှင့် ပေါင်းစပ်ညှိနှိုင်းကာ ဒီဇိုင်းပုံစံများရေးဆွဲဆောင်ရွက်၍ ရေနုတ်ခြင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ရေကြည်မြို့နယ် ငဝန်တာမိုင် ၅၉/၃-၆၀/၂ အတွင်းရှိ မကျီးလဟာပန်းတာ တာပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရေဘေးကာကွယ်ရေးတာများတွင် တာ/တမံ/ရေတံခါးများ၏ ကြံ့ခိုင်လုံခြုံမှုကို ထိခိုက်စေနိုင်သော အခြေအနေများ ဖြစ်ပေါ်နေမှု ရှိ၊ မရှိ အထူးအလေးထားပြီး အသေးစိတ်စစ်ဆေးကြရန်နှင့် တာတမံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာတမံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံဆောင်ရွက်သွားကြရန်နှင့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင် စီမံကိန်းရေသောက်စနစ်ဧရိယာအတွင်း ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ရေရရှိနိုင်မှု၊ မြေဆီလွှာအနေအထားအပေါ်မူတည်၍ သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် သီးနှံပုံစံများ တွက်ချက်ပေးနိုင်ရေး၊ သီးထပ်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။

အလားတူ ဗောဓိကုန်းကျေးရွာ ငဝန်တာမိုင် (၄၅/၆) အမှတ် (၂) ရေကင်းစခန်းကိုလည်းကောင်း၊ ဟင်္သာတမြို့နယ် ကိုင်းချောင်းကျေးရွာအုပ်စု မဲဇလီညွန့်ကျေးရွာအနီးရှိ ဖြတ်တာ (၁-င) နှင့် မဲဇလီညွန့် ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် ကမ်းထိန်းလုပ်ငန်းများကိုလည်းကောင်း၊ ဟင်္သာမြို့ ဟင်္သာတကမ်းနားတာ တာမိုင် (၈/၄) ရှိ ဦးပါရဲရေကင်းစခန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား၍ ရေကင်းစောင့်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ငဝန်တာအနေဖြင့် စုစုပေါင်းတာမိုင်အလျား ၇၃ ဒသမ ၈၇၅ မိုင်ရှိ၍ ရေကင်းစခန်းများ စုစုပေါင်း ၁၈ ခု ဖွင့်လှစ်ထားရှိကာ ရေဘေးကာကွယ်ရေး ဧရိယာ ၃၀၀၃၈၄ ဧကအား ပုံမှန်တာလုပ်သားများအပြင် မိုးရာသီကာလတာလုပ်သားများပါခန့်အပ်၍ ရေဘေးအန္တရာယ်မှ အထူးအလေးထားကာကွယ်ထားရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download