ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း အစားအစာဘေးကင်းလုံခြုံမှုနှင့် အစားအစာအလေအလွင့် လျော့ဆမှုစီမံခန့်ခွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / February 18, 2026


နေပြည်တော် ဖေဖော်ဝါရီ ၁၁ ရက်

ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း အစားအစာဘေးကင်းလုံခြုံမှုနှင့် အစားအစာအလေအလွင့် လျော့ဆမှုစီမံခန့်ခွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရီဟိုတယ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်၍အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန် နှင့်တာဝန်ရှိသူများ၊ နေပြည်တော်ဟိုတယ် နှင့်ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူ များ၊ နေပြည်တော်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) မှ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် ကိုယ်စားလှယ်များ၊နေပြည်တော်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဟိုတယ်များမှ အထွေထွေ မန်နေဂျာများနှင့် ဖိတ်ကြားထားသူများပါဝင်တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသော ခြေလှမ်း တစ်ရပ်ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း အစားအစာဘေးကင်းလုံခြုံမှုနှင့် အစားအစာ အလေအလွင့်လျော့ချရေးဆိုင်ရာ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်နှင့် ပေါင်းကူးချိတ်ဆက် ပေးနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် ခရီးသွားဧည့်သည်များအနေဖြင့် ဘေးကင်း လုံခြုံမှုကို ဦးစားပေးရွေးချယ်လာခဲ့ကြပါကြောင်း၊ ဘေးကင်းလုံခြုံမှုဆိုသည့်နေရာတွင် အစားအစာ ဘေးကင်းလုံခြုံမှုသည် ခရီးသွားဧည့်သည်များ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ခရီးစဉ်ဒေသ၏ ပုံရိပ်ကို တည်ဆောက်ရာတွင် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သဖြင့် အစားအစာ ဘေးကင်းလုံခြုံမှုကို အထူးအလေးထားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ထို့အတူ အစားအစာများ အလေအလွင့်ဖြစ်ပေါ်မှုနှင့် စွန့်ပစ်ရမှုကိစ္စသည် ယနေ့ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာသည်ကို တွေ့ရှိမည်ဖြစ်ပါကြောင်း၊ အစားအစာလေလွင့်မှုကို စနစ်တကျထိန်းချုပ်နိုင်ပါက လုပ်ငန်း၏အမြတ်အစွန်းများ တိုးတက်လာမည်ဖြစ်ပါသဖြင့် အစားအစာ အလေအလွင့် လျော့ချမှုစီမံခန့်ခွဲရေးသည် စီးပွားရေး အကျိုးအမြတ်ကို မြှင့်တင်ပေးနိုင်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း တစ်ပြိုင်တည်း အထောက်အကူပြုနိုင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း။

ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် ဆွေးနွေးတင်ပြခဲ့ကြသည့် မှတ်သားလိုက်နာဖွယ်ရာများကို မိမိတို့သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် လိုက်နာကျင့်သုံးမျှဝေပေး ကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဆွေးနွေးပွဲမှဖော်ထုတ်ရရှိသည့် ဆွေးနွေးချက်ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အစားအစာစွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်ခြင်းဖြင့် ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဖြစ်ပေါ်လာစေရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက အစားအစာဘေးကင်းလုံခြုံမှုနှင့် အစားအစာအလေအလွင့်လျှော့ချမှုစီမံခန့်ခွဲရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ “Food Waste Management in the Tourism Sector” ခေါင်းစဉ်ဖြင့် ပြည်ပပညာသင်သွားရောက်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများက ပညာသင်အတွေ့အကြုံများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း အစားအစာဘေးကင်းလုံခြုံမှုနှင့် အစားအစာ အလေအလွင့် လျှော့ချမှုစီမံခန့်ခွဲရေးခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဆွေးနွေးချက်ရလဒ်များ အပေါ်သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon

Newspaper - 3445 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download