ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / October 04, 2024
နေပြည်တော် ၊ အောက်တိုဘာလ (၃) ရက်
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့မှ စတင်ကာ အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့က (၃၂)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ယင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဝန်ကြီးဌာန၏ (၃၂)နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့ တက်ရောက်ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများ၊ နယ်ရုံးခွဲ တာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် ဟိုတယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများက အွန်လိုင်း၊ In Person စနစ်ဖြင့် ပါဝင်တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့စဉ်မှ ယခု (၃၂)နှစ်တာကာလအထိ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများကို ဖော်ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနအား ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းလာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ပြည်ပခရီးသွားဈေးကွက်များ ရရှိစေရန် မူဝါဒများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ သမိုင်းကြောင်းအရ မြန်မာ့ခရီးသွားနှစ်-၁၉၉၆ (Visit Myanmar Year-1996) ကို ကျင်းပနိုင်ခဲ့သည့်အတွက် အလားတူပွဲတော်များ ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမြှင့်တင်ကာ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို တက်ကြွစွာလိုက်ပါ အကောင် အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ဂုဏ်ဆောင်နိုင်သော အရည်အသွေးပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ကြီးဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရုံသာမက နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားအတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ ရေတိုရေရှည်စီမံကိန်းများကို ခေတ်နှင့်လျော်ညီအောင် ရေးဆွဲထားရှိပြီးဖြစ်သော်လည်း သတ်မှတ်ကာလများအတွင်း ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင် အထည်ဖော်ရာတွင် ပြည်ပခရီးသွားများ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို သိရှိကာ ခရီးစဉ်ဒေသများသို့ ဘေးကင်းလုံခြုံစွာသွားလာလည်ပတ်နိုင်ကြောင်းကို ဖော်ထုတ်မြှင့်တင် သွားကြရမည်ဖြစ်ပါကြောင်း။ ယနေ့ ဝန်ကြီးဌာန၏ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဝန်ကြီးဌာနမှ သင်တန်း၊ အားကစားတို့တွင် ထူးချွန်ဝန်ထမ်းများ၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသော အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများကို ဂုဏ်ပြုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ဝန်ကြီးဌာန၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ထမ်းရွက်နိုင်သော နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဝန်ကြီးဌာန၏ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာနမှ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ဝန်ကြီးဌာနကို အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့မှုအခြေအနေများ၊ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအား ဖြင့် အထိမ်းအမှတ်ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများနှင့် လှုပ်ရှားဆောင်ရွက်မှု အခြေအနေများကို ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ၂၀၂၄ခုနှစ် မဟာသင်္ကြန်ပွဲတော် တွင် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သော အသင်းအဖွဲ့များအားလည်းကောင်း၊ ဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့သော သင်တန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သော သင်တန်းကျောင်းများအားလည်းကောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားတွင် အကောင်းဆုံးပြခန်းဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် တက်ရောက်ခဲ့သော ထူးချွန်ဝန်ထမ်းများအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာန၏ (၃၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများက ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ စားသုံးကြပြီး ယင်းအစီအစဉ်အား နယ်ရုံးခွဲများတွင်လည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် နယ်ရုံးခွဲများမှဝန်ထမ်းများအပါ ကံစမ်းမဲဖောက် ပေးခြင်းအစီအစဉ်ကို ပြုလုပ်ပေးကာ ကံစမ်းမဲပေါက်သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဝန်ကြီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးဌာနတွင်း စားပွဲတင်တင်းနစ်၊ ထုတ်စည်းထိုး၊ လွန်ဆွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘောလုံး အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရပါသည်။
Newspaper - 3019 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download