အကြမ်းဖက်လုပ်ရပ်များကိုလက်မခံ ဝိုင်းဝန်းရှုတ်ချဆန့်ကျင်တိုက်ဖျက်
အကြမ်းဖက်လုပ်ရပ်များကိုလက်မခံ ဝိုင်းဝန်းရှုတ်ချဆန့်ကျင်တိုက်ဖျက်
Ministry of Information/ Naypyitaw / June 05, 2025

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့သည် နိုင်ငံရေးကိုအကြောင်းပြ၍ တော်လှန်ရေးဟုခေါင်းစဉ်တပ်ကာ PDF အမည်ခံ အကြမ်းဖက်သမားများ ဖြစ်ပေါ်ကြီးထွားလာအောင် လမ်းမှားသို့ ပို့ဆောင်ခဲ့ကြသူများဖြစ်သည်။ ၎င်းအကြမ်းဖက်အဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိသည်။
ထို့အပြင် အဆိုပါအကြမ်းဖက်အဖွဲ့များနှင့် လက်နက်ကိုင်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ နိုင်ငံ့ဝန်ထမ်းများ၊ ၎င်းတို့နှင့် အမြင်အယူအဆ ခံယူချက်မတူညီသည့် အပြစ်မဲ့အရပ်သားပြည်သူများနှင့် ဒေသအုပ်ချုပ် ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးလာစေရန်ရည်ရွယ်လျက် ပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်ရက်စက်မှုအမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ယခုအခါ PDF အမည်ခံအကြမ်းဖက်သမားများသည် ဘုရား၊ ကျောင်းကန်များအပြင် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် ကလေးသူငယ်များ၏ စာသင်ကျောင်းများကို အကြမ်းဖက်စခန်းများအဖြစ် အထိုင်ချပြီး ဘန်ကာများ၊ မြေကျင်းများတူးခြင်း၊ လက်လုပ်ဗုံးများ၊ လက်လုပ်လက်နက်ခဲယမ်းများ ပြုလုပ်နေသည့်အပြင် စာသင်ကျောင်းများကိုပင် မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရော့ဗုံးများချ၍ ဖျက်ဆီးခြင်းတို့နှင့် ဆရာဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဇွန်လ ၁ ရက်နေ့က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝက်ချုပ်ကျေးရွာရှိ အထက်တန်းကျောင်း (ခွဲ) မှ အလယ်တန်းပြဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ကို ၎င်းတို့၏နေအိမ်တွင် သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant-DCS) ပြုလုပ်ရန်နှင့် ကျောင်းအပ်လက်ခံခြင်းကို လက်မခံမပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုရာ ဆရာမက ကျောင်းသား ကျောင်းသူများ၏ အနာဂတ်အတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ကျေပွန်လို၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းပြောရာ အကြမ်းဖက်သမားများက ဆရာမနှင့်ခင်ပွန်းဖြစ်သူကို ကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ဇွန်လ ၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖများသည် မဟာပဋ္ဌာန်းပူဇော်ပွဲကျင်းပပြုလုပ်ရန် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့် ရောက်လာပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖခုနစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ သေဆုံးဒဏ်ရာရသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ညောင်ဦးခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးပြီး လူမဆန်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများကို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၂ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များက ရပ်ရွာလုံခြုံရေးဆောင်ရွက် နေစဉ် KNDF နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိသည့်အတွက် ၎င်းတို့ ဆုတ်ခွာထွက်ပြေးနိုင်ရန် ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့သည်။ ပြီးခဲ့သည့်ရက်ကလည်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိပြည်သူများ သွားလာအသုံးပြုလျက်ရှိသော လမ်းများပေါ်၌ လက်လုပ်မိုင်းများတွေ့ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများ ထောင်ထားသည့်လက်လုပ်မိုင်း (ပီပါမိုင်း၊ ရှေ့ထွက်မိုင်း) များကို ပြည်သူများ အန္တရာယ်မဖြစ်စေရန် ရှင်းလင်းဖယ်ရှားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်ကြပြီး သာယာချမ်းမြေ့စွာနေခဲ့ကြရသည်။ ထို့နောက် CRPH ၊ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့၏ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး လမ်းမှားသို့ပို့ဆောင်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သမားများ ကျေးရွာအချို့တွင် အခြေချပြီး အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးတို့ကို လုပ်ကိုင်ကြရာ ရပ်ကွက်/ကျေးရွာနေပြည်သူများ ဒုက္ခဆင်းရဲအမျိုးမျိုးရောက်ကြသည်။ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျေးလက်များမှ လူငယ်များပင်ဖြစ်ကာ လမ်းမှားသို့ရောက်ပြီး မိမိရပ်ရွာဒေသများကို ဖျက်ဆီးနေကြသူများဖြစ်သည်။
သို့ဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိပြီး တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များကပြည်သူများအားထိခိုက်ပျက်စီးအောင် ပြုလုပ်သည့် အကြမ်းဖက်သမားများချုပ်ငြိမ်းရေးကို လိုအပ်သောလုံခြုံရေး လုပ်ငန်းစဉ်များတိုးမြှင့်ပြီး တိုက်ဖျက်နှိမ်နင်းလျက်ရှိပါကြောင်း။။
Newspaper - 3185 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download