အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ယခုနှစ်မိုးရာသီတွင်ပျိုးပင်ပေါင်း ၂၁၅၀၀၀ စိုက်ပျိုးမည်
အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ယခုနှစ်မိုးရာသီတွင်ပျိုးပင်ပေါင်း ၂၁၅၀၀၀ စိုက်ပျိုးမည်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / May 03, 2025

ဘားအံ - မေ (၃)
မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ၂၀၂၅-၂၀၂၆ ပညာသင် နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင် ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့်ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ဘားအံမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများတွင် မေလ ၃ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းတို့တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့်ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၇၅ ဦးပူးပေါင်း၍ စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းမျာ တူးဖော်ပေးခြင်း အစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်များ၊ မြက်ဖြတ်စက်များအသုံးပြု၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၏ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂများနှင့် ရေ၊ မီး၊ မိလ္လာများ ပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေပျော်၍စာတော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေး စာသင်ကျောင်းများကို သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်ကောင်းများ အဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအားမှာကြားသည်။
အလားတူ ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးပေါင်း ၁၅ မျိုး၊ ပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင်ကို စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်သစ်တောဦးစီးမှူးရုံး မြို့မပျိုးဥယျာဉ်အတွင်း သစ်မျိုး၁၂ မျိုး၊ ပျိုးပင်ပေါင်း ၉၂၅၀၀ ပင် ပျိုးထောင်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မျိုးထွေးက ရှင်သန် ကြီးထွားစေရန်အကောင်းဆုံးအရွယ်ရှိသည့် အမြင့်(၂)ပေနှင့်အထက်ပျိုးပင်များရရှိစေရေး ပျိုးထောင်ထားရှိမှုအခြေ အနေ၊ မြို့နယ်များအလိုက်သစ်ပင်စိုက်ပွဲတော်အသွင်ဖြင့်စိုက်ပျိုးခြင်း၊ တစ်ရွာ (၂) ဧကစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာ စိုက်ပျိုးခြင်း၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျေးလက်/ရပ်ကွက် ပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးခြင်း အစရှိသည့်နည်းလမ်းများဖြင့် အခမဲ့ဖြန့်ဝေစိုက်ပျိုးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
Newspaper - 3154 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။
