အခြေအမြစ်မရှိ စွပ်စွဲချက်ကိုလက်မခံ အပြုသဘောချဉ်းကပ်မျှတဆောင်ရွက်သင့်


Ministry of Information/ Naypyitaw / July 07, 2025
image_latest


၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် စာရွက်စာတမ်းအမှတ် A/ 79/ 878-S 2025/ 247 ဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးခဲ့ရာ အခြေအမြစ်မရှိ အထောက်အထားမခိုင်လုံသော စွပ်စွဲချက်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အခြားလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအရေးကိစ္စရပ်များတွင်လည်း ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များအပေါ်တွင် အလေးထားဆောင်ရွက်လျက်ရှိသည်။ သို့သော် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စရပ်များနှင့် ပတ်သက်၍ တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းမရှိဘဲ အခြားမခိုင်မာသော အချက်အလက်များ၊ သတင်းများကို ကိုးကား၍ မြန်မာနိုင်ငံအပေါ်   အပြုသဘောမဆောင်သောဆောင်ရွက်မှုများ အစဉ်အမြဲပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနကဦးဆောင်သည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် ကုလသမဂ္ဂစောင့်ကြည့်လေ့လာအစီရင်ခံတင်ပြရေးအဖွဲ့ (UN CTFMR) တို့ နှစ်ဖက်တွေ့ဆုံပူးပေါင်း၍ တိုက်ဆိုင်စိစစ်မှုများကို နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဖက်အကြား အစည်းအဝေး (၄) ကြိမ်တိုင် ကျင်းပခဲ့ပြီး  စိစစ်တွေ့ရှိသည့်   အသက်မပြည့်သေးသော စစ်သည် ၉၃ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပေးကာ မိဘများထံသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပါသည်။ နုတ်ထွက်ခွင့်ရသည့် စစ်သည်တစ်ဦးချင်းအလိုက် ထောက်ပံ့ကြေးငွေများ ပံ့ပိုးပေးခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အသက်မပြည့်ဟု သံသယရှိသူစစ်သည် ၁၈ ဦးသာ ကျန်ရှိပါသည်။

ထို့အပြင် ကလေးသူငယ်များကို အကာအကွယ်ပေးရန်နှင့် ကောင်းကျိုးချမ်းသာ ရရှိစေရေးဆောင်ရွက်ရန်  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်   ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တိုင်ကြားမှုဖြစ်စဉ် ၉၈ ခုကို ဆောင်ရွက်ပေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများနှင့် သက်ဆိုင်ခြင်းမရှိသည့် ဖြစ်စဉ်များသာ  တွေ့ရပါသည်။   မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ ယခုနှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စွပ်စွဲချက်များသည် စနစ်တကျစိစစ်ထားခြင်းမရှိသည့် ကိန်းဂဏန်းအချက်အလက်များ လွဲမှားစွာ ဖော်ပြထားကြောင်း တွေ့ရသည်။

ဥပမာအားဖြင့် မြန်မာ့တပ်မတော်သည် အသက်မပြည့်သေးသူ ကလေးသူငယ် ၄၈၂ ဦးကို စစ်သည်အဖြစ် စုဆောင်းအသုံးပြုကြောင်း စွပ်စွဲထားသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂကမြန်မာနိုင်ငံအစိုးရဘက်သို့ပေးပို့လာသည့် အမှုတွဲမှာ ရှစ်မှုသာဖြစ်၍ အစီရင်ခံစာပါစွပ်စွဲထားသည့် ကိန်းဂဏန်းများ လုံးဝလွဲမှားနေသည်မှာ ထင်ရှားပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း NUG နှင့်၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၃၁၈ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၈၅၈၈ ဦး သေဆုံးခဲ့ပြီး ကလေးသူငယ် ၁၂၁၉ ဦး ထိခိုက်ဒဏ်ရာရသည့် အချက်များကို လုံးဝဖော်ပြထားခြင်းမရှိဘဲ တပ်မတော်အပေါ်ကိုသာ စွပ်စွဲထားကာ အကြမ်းဖက်အဖွဲ့များ၏ ရာဇဝတ်မှုများကို “အမည်မသိကျူးလွန်သူများ”ဟု ရှင်းလင်းပြတ်သားမှုမရှိဘဲ ဖော်ပြထားသည်မှာ ဘက်လိုက်မှုသာဖြစ်သည်။

သို့ဖြစ်ရာ ကုလသမဂ္ဂအနေဖြင့် တစ်နိုင်ငံတည်းအပေါ်  ပစ်မှတ်ထားသည့် ဘက်လိုက်သော အစီရင်ခံစာများပြုစုခြင်းနှင့်နှစ်နိုင်ငံဖိအားပေးမှုများ ပြုလုပ်နေခြင်းသည် အဖွဲ့ဝင်နိုင်ငံများအပေါ် သမာသမတ်မကျသည့် ဆောင်ရွက်မှုအဖြစ် မေးခွန်းထုတ်စရာဖြစ်နေသည်။ ယခုအစီရင်ခံစာတွင်ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် မြေပြင်အခြေအနေမှန်ကို ထင်ဟပ်မှုမရှိသည့် မှားယွင်းသော ကိန်းဂဏန်းအရေအတွက် ဖော်ပြချက်များကိုကန့်ကွက်ပြီး  အပြုသဘောဆောင် ချဉ်းကပ်မှုဖြင့် မျှတစွာဆောင်ရွက်သင့်ပါကြောင်း။        ။

Newspaper - 3216 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download