အင်ဂျင်နီယာနည်းပညာစွမ်းပကားဖြင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်


Ministry of Information/ Naypyitaw / November 24, 2024
image_latest


မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်မြောက်သည့် အချိန်ကာလတွင် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့်၊ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University ကို နိုင်ငံ၏မြို့တော်ဖြစ်သော နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ဖွင့်လှစ်လိုက်ရာ မြန်မာနိုင်ငံအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်ဝပြီး အနာဂတ်တွင် ထူးခြားသည့်တိုးတက်ဖြစ်ထွန်းမှုများ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စက်မှု၊ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် အားနည်းသည့်နိုင်ငံဟု ဆိုနိုင်ပါသည်။ အမှန်တကယ်တွင် အဆင့်မြင့်နည်းပညာကဏ္ဍများနှင့်ပတ်သက်၍ အင်ဂျင်နီယာဗိသုကာပညာရပ်တွင် မြန်မာနိုင်ငံ၌ အစောဆုံးထွန်းကားခဲ့သည့် ထင်ရှားသည့် သမိုင်းအထောက်အထားများရှိပါသည်။ ပျူခေတ်၊ ပုဂံခေတ်မှစတင်ခဲ့သည့် မြန်မာဘုရင်ခေတ်အဆက်ဆက်လက်ထက်များတွင် တည်ဆောက်ခဲ့သည့် စေတီဘုရား၊ ကျောင်းကန်၊ မြို့ပြအဆောက်အအုံများ၌ အဆင့်မြင့်လက်ရာပြောင်မြောက်လှသည့် မြန်မာအင်ဂျင်နီယာအတတ်ပညာ ဗိသုကာလက်ရာတို့ကို ယနေ့ထက်တိုင် မြင်တွေ့နိုင်သေးသည်။

ကုန်းဘောင်မင်းဆက် ရတနာပုံမင်းတရားကြီးလက်ထက်တွင် မြန်မာနိုင်ငံကို ဥရောပနိုင်ငံများနှင့်တန်းတူ လိုက်ပါဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာဝန်ကြီး၊ ဝန်ထောက်၊ မင်းသား၊ အမှုထမ်းများအား ဥရောပနိုင်ငံများသို့ သွားရောက်၍ အင်ဂျင်နီယာ၊ ဗိသုကာ၊ သိပ္ပံနှင့် နည်းပညာများကို သွားရောက်လေ့လာသင်ယူစေခဲ့သည်။ ၁၈၅၈ ခုနှစ်မှ ၁၈၇၄ ခုနှစ်အတွင်း ဒင်္ဂါးစက်ရုံ၊ မဲနယ်စက်ရုံ၊ သကြားစက်ရုံ၊ သင်္ဘောစက်ရုံ၊ ဝါဂွမ်းစက်ရုံ၊ ရက်ကန်းစက်ရုံ၊ စစ်ကိုင်းသံဖိုစက်ရုံတို့ကို တည်ဆောက်ခဲ့ပြီး သံဖိုစက်ရုံမှ သံပြား၊ သံလုံး၊ သံမြှောင်နှင့် လက်နက်များပြုလုပ်နိုင်ခဲ့သည်။ ယောမင်းကြီးဦးဖိုးလှိုင်က မြန်မာ့ကြေးနန်းရိုက်နည်းကျမ်းကို ပြုစုခဲ့ပြီး ၁၈၇၀ ပြည့်နှစ်တွင် မြန်မာ့ကြေးနန်းလိုင်းများကို စတင်သွယ်တန်းခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် မိတ်ဆွေနိုင်ငံများ၏ အကူအညီဖြင့် စက်မှုနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများကို တည်ဆောက်နိုင်ခဲ့သည်။ အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ရန်ကုန်စက်မှုတက္ကသိုလ်ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပေးဝေနိုင်ရေးအတွက် လောပိတရေအားလျှပ်စစ်စက်ရုံကြီးကို တည်ဆောက်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်အစောပိုင်းတွင် တက္ကသိုလ်များ ကွန်ပျူတာစင်တာကို တည်ထောင်ခဲ့ပြီး ကွန်ပျူတာစက်ကြီးတစ်လုံးကို ပထမဆုံးတပ်ဆင်၍ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် အသုံးပြုခဲ့သည်။

မျက်မှောက်ကာလတွင် နိုင်ငံ၏မြို့တော်သစ်အဖြစ် နေပြည်တော်တည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံများတည်ဆောက်ရေးတို့ကို မြန်မာဗိသုကာပညာရှင်များ၊ မြန်မာအင်ဂျင်နီယာများဖြင့် တည်ဆောက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် အထင်ကရအဖြစ် ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယစကျင်ရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာ့အမြင့်ဆုံးနှင့် အလေးချိန်အများဆုံး စကျင်ကျောက်ရုပ်ပွားတော်ကြီးတစ်ဆူအဖြစ် မြန်မာအင်ဂျင်နီယာများနှင့် မြန်မာဗိသုကာပညာရှင်များ ပူးပေါင်းဆောင်ရွက်ကာ CNC နည်းပညာကိုအသုံးပြု၍ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သည်။ ထို့အပြင် အရှည် ပေ ၈၆၃၈ ပေရှိ ကေဘယ်လ်စတီး တံတားအမျိုးအစား ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃)ကို မြန်မာအင်ဂျင်နီယာပညာရှင်များ၏ ကြိုးပမ်းတည်ဆောက်မှုဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် ဂုဏ်ယူဝင့်ကြွားဖွယ် ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုဖွင့်လှစ်ခဲ့သည့် Naypyitaw State Polytechnic University အပါအဝင် Polytechnic University ငါးခုကို မြို့ငါးမြို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ခဲ့သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များ ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးအတွက် ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသည့် ဘွဲ့ရများမွေးထုတ်ပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများနှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကိုအခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ဖြစ်ထွန်းလာပြီဖြစ်သော သိပ္ပံ၊ နည်းပညာနှင့် မြန်မာအင်ဂျင်နီယာပညာရှင်များ၏ စွမ်းပကားများဖြင့် ခေတ်မီနိုင်ငံဖြစ်ပေါ်လာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တက်ညီလက်ညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 2991 items

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download