အင်းလေးကန်ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 09, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ကလောခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အင်းလေးကန် မတိမ်ကောစေရန်နှင့် သဘာဝဝန်းကျင် ဂေဟစနစ်မပျက်သုဉ်းစေရန် ကန်ရေပြင်ကျယ်အတွင်းနှင့် စက်လှေရေလမ်းကြောင်းတစ်လျှောက် ဗေဒါများ၊ ကျွန်းမျောဟောင်းများ ဆယ်ယူရေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အင်းလေးကန် အစဉ်သာယာလှပစိမ်းလန်းစိုပြည် နေစေရေးဆောင်ရွက်ရန်လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးမှာကြားပြီး လုပ်ငန်းများအားလုံး ပွင့်လင်းရာသီအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေး စီမံပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်၏ မြောက်ဘက်မှ တစ်နှစ်ပတ်လုံးစီးဝင်လျက်ရှိသည့် နမ့်လတ်ချောင်းအား အုတ်ဖိုရွာအနီးတွင် ကျောက်စီရေလွှဲဆည် တည်ဆောက်ရေလွှဲယူ၍ နုန်းစစ်အနည်ထိုင်စေခြင်းဖြင့် အင်းလေးကန်အတွင်း နုန်းများတိုက်ရိုက် ဝင်ရောက်မှုမှကာကွယ်ရန် တည်ဆောက်ထားသည့် နဒီကန်နှင့် သာစည်ကန် တို့ကို ကြည့်ရှုစစ်ဆေးပြီး ဆယ်ယူရရှိသောနုန်းများကို တောင်သူများ၏ စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးချဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအားအသေးစိတ်ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့ ညောင်ခါးရှည်ရွာရှိ ဟဲဟိုးအာလူးထုတ်လုပ်သူ အသင်း၏ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ၌ အာလူးစိုက်တောင်သူများနှင့် အာလူးမျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များအားတွေ့ဆုံ၍ အာလူးမျိုးထုတ်လုပ်မှု လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်နိုင်သည့်အနေအထားနှင့် ထပ်မံလိုအပ်သော မျိုးအာလူးပမာဏအတွက် အာလူးမျိုးထုတ်လုပ်ခြင်းကို တောင်သူများကိုယ်တိုင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်နှင့် နည်းပညာလိုအပ်သည့် အကူအညီများကို ဌာနပညာရှင်များအပိုင်းက ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ မြေယာအသုံးပြုရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို တိတိကျကျလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး အာလူးစိုက်တောင်သူများ၊ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသခံ တောင်သူများစိုက်ပျိုးထားသော အာလူးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သောပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသည်။

ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တာယောစိုက်ပျိုးရေးသုတေသနခြံ၊ စိုက်ပျိုးရေးဦးစီးဌာန၏ တာယောမျိုးသန့်ခြံနှင့် ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တာယောစိုက်ပျိုးရေး သုတေသနခြံသို့ရောက်ရှိပြီး ပဲပုပ်နှင့်နေကြာ သုတေသနပြုစိုက်ကွင်းကို ကြည့်ရှုစစ်ဆေး၍ စိုက်ခင်းအတွင်း မိုးရာသီရေကြီးရေလျှံမှု မဖြစ်ပွားစေရေးအတွက် ရေကာတမံတည်ဆောက်မည့် အစီအမံနှင့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိ ရေး ဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန တာယောမျိုးသန့်ခြံသို့ရောက်ရှိပြီး စိုက်ကွင်းအတွင်း ဆိုလာရေတင်စနစ်ဖြင့် ရေတင်ဆောင်ရွက်နိုင်မှုနှင့် နေကြာမျိုးစေ့ထုတ်ရန် မြေပြုပြင်ထားရှိမှုကိုကြည့်ရှုစစ်ဆေး၍ ခြံစည်းရိုး ပတ်လည်တစ်လျှောက် အရိပ်ရမန်ကျည်းပင်များနှင့် စိုက်ပျိုးရေးခြံအတွင်း နှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးနိုင်ရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထုံးဖို စိုက်ပျိုးရေးသုတေသနခြံသို့ရောက်ရှိရာ သစ်ခွနှင့် သဇင်ပန်းဥများအား တစ်သျှူးကာချာ (Tissue culture) နည်းဖြင့် မျိုးမွေးမြူသုတေသနပြု ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှုကိုကြည့်ရှု၍ လိုအပ်ချက်များမှာကြားပြီး ခြံအတွင်းဆောင်ရွက်လျက်ရှိသော ကြက်သွန်နီမျိုးစေ့ထုတ် စိုက်ပျိုးခြင်း လုပ်ငန်းနှင့် နှစ်ရှည်ပင်စိုက်ပျိုးသုတေသနပြုရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                         

သတင်းစဉ်

Newspaper - 3436 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download